Unicode
Ch-57
တီဗီရှိုးအစီအစဥ်ဆိုတာ ပြည်သူလူထုရှေ့မှာချပြရမှာဖြစ်လို့ အကယ်၍ တစ်ယောက်ယောက်က သတိမထားဘဲအမှားလုပ်မိရင် သဘာဝလွန်လောကရဲ့တည်ရှိမှုကို ဖော်ထုတ်ပြသလိုဖြစ်သွားနိုင်တယ်။ ထို့အတွက် ဌာနမှူးရွှီက ဒဿနိကအတန်းကကျောင်းသားကိုးယောက်ကို သူ့ရှေ့ခေါ်ပြီး
ဒီတာဝန်ရဲ့ရည်ရွယ်ချက်ကိုသေသေချာချာရှင်းပြခဲ့သည် : ဘာမဆို သတိဝီရိယရှိရှိနဲ့ သိုသိုသိပ်သိပ်နေရမယ်။'' ထုတ်လုပ်ရေးအဖွဲ့ကို ငါတို့အကြောင်းကြားပြီးသွားပြီ။ အမှုဆောင်ဒါရိုက်တာကလည်း မင်းတို့အပိုင်းတွေကို တတ်နိုင်သလောက်ဖြတ်ထုတ်ပစ်ဖို့ ဝန်ထမ်းတွေကိုညွှန်ကြားပေးထားတယ်။ ရှိုးမှာဖျော်ဖြေရမယ့်အပိုင်းကိုလဲ မင်းတို့ကျော်လိုက်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် သိုသိုသိပ်သိပ်နေ ၊မင်းတို့ရဲ့တကယ့်သရုပ်မှန်ကို တခြားသင်တန်းသားတွေသတိမထားမိအောင် ဂရုစိုက်ကြ '' ဌာနမှူးရွှီက နှစ်ကြိမ် ၊သုံးကြိမ်လောက် ထပ်ပြီးသတိပေးနေသေးသည်။
'' ထုတ်လုပ်ရေးအဖွဲ့ကလည်း အတတ်နိုင်ဆုံးကြိုးစားပြီး မင်းတို့လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် လုပ်ပေးလိမ့်မယ်။ ပြီးတော့လုံခြုံရေးအတွက် ထုတ်လုပ်ရေးအဖွဲ့ကလူတချို့ပဲ မင်းတို့ရဲ့သရုပ်မှန်ကိုသိထားမှာ။ အဲ့တော့ တစ်ခုခုသိချင်တာရှိရင် အဲ့လူတွေကိုသွားရှာလို့ရတယ် ''
ကျန်းလော့နာမည်စာရင်းကို ကြည့်ကြည့်လိုက်တဲ့အခါ ထုတ်လုပ်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်တွေရဲ့နာမည်တွေအားလုံး စာရင်းထဲမှာရှိနေတာကို တွေ့လိုက်ရတယ်။
ရှင်းရှင်းပြောရရင် သူတို့ကကိုယ်ပျောက်လူသားတွေလိုမျိုးနေရမှာ ၊ အဖြေရှာမရတဲ့သဘာဝလွန်ဖြစ်ရပ်တွေကို သူများတွေသတိမထားမိစေဘဲ တိတ်တဆိတ်ဖြေရှင်း ၊ပြီးရင်
ရှိုးကနေ တိတ်တိတ်လေးထွက်လာလို့ရပြီ။ကျန်းလော့ Idol survial ရှိုးရဲ့နာမည်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ နာမည်က <Next Stop! Idol>
ဒီနာမည်ကို သူနည်းနည်းရင်းနှီးနေသလိုပဲ...
သူတစ်ချက်စဥ်းစားကြည့်လိုက်တော့မှ ရုတ်တရတ်အဖြေပေါ်လာတယ်။ ဒါက ပိုင်ချိုး သူ့ကိုဝင်ပြိုင်ဖို့အကြံပေးခဲ့တဲ့ တီဗီအစီအစဥ်မလား!
VOCÊ ESTÁ LENDO
This Damned Thirst for Survial[Myanmar Translation]
Mistério / SuspenseOriginal Author - 望三山 Original Publisher - jjwxc Chapter - 224 Chapters and 13 extras Genre - Yaoi Horror Supernatural Romance Drama This story is not my own.This is just for Fan Translation. Not For Commercial. Full credit to Original AUTHOR and E...