ခရီးသွားမဲ့ မနက်သို့ရောက်သော်
Boss... ကားကတစီးထဲ ...သွားမာလား ...ကျတော်.... ကားအကြာကြီးစီးရင်... ကားမူးတယ်နော်...
ငါသိပါတယ်... ချစ်ရင်ထူးရယ်...
ရော့ ...ကားမူးပျောက်ဆေး ...သောက်ထား...ဟုတ်....
ချစ်ရအောင်ရော ...ခါး... သက်သာလား..
ဟုတ် boss သက်သာလာပါပီ ...
အေအေ...
ချာတိတ်ရော... လာတော့လေ ..!!
ဟုတ်လာပီ ..လူကြီး...!!
ဇွဲထက်...
ဟုတ် boss.....
အလုပ်တွေ ...မင်းနဲ့ပဲလွှဲခဲ့လိုက်မယ်... နော်...
စိတ်ချ Boss ...
အေ ....အာ့ဆို ...သွားနားတော့..
ဟုတ်...
တီ..
ကားတစီးဝင်လာသည်
ဦးလေးကြီးပါလား...
ချစ်ရင်ထူးက စနှုတ်ဆက်လိုက်သည်
ချာတိတ်လာတော့ ...သင်္ချာလာပီ...
သင်္ချာဆိုတာနဲ့ ...ချစ်ရအောင်မာ... မနေတတ်မထိုင်တတ်နဲ့ ...ချစ်ရင်ထူးလက်ကို ကုတ်နေသည်...
ဟာ ..ဒီသူတောင်းစား ...ခါးကျိုးတာအားမရလို့ ...ငါ့လာကုတ်နေတာလား... ငါကန်လိုက်ရ...
ချစ်ရင်ထူး...!!
ဘာလဲ ..ငါ့လာမအော်နဲ့... မင်းဘာလို့ လာကုတ်လဲ...
ငါမူနေတာတောင်ပျောက်တယ် သူတောင်းစား ချစ်ရင်ထူး ဦးမိုင်းကိုမြင်လို့ မူမိတာကို ချစ်ရအောင် စိတ်ထဲကနေပဲပြောလိုက်သည်
ဘယ်မှာကုတ်နေလို့လဲ ...
မင်းပြောင်မလိမ်နဲ့ ...ဘာလဲ... မိုက်တာလား နပန်းလုံးမလား...