ချစ်ရင်ထူး ရွာထဲ ပတ်ကြည့်နေတာပေါ့
ဟာ ...ဟိုမှာ.. ခလေးတွေ ....ဘောလုံးပစ်နည်းဆော့နေတာပဲ...
ခလေးတွေ ...ကိုကိုလဲ ပါမယ်လေ...
ဟုတ် ..လာခဲ့ ကိုကို သားတို့လဲ ...လူလိုနေတာ..
ဆော့တတ်တယ်မလား...ဆော့တတ်တာပေါ့ ...ကွ ...ကျွမ်း ..သိပ်ကျွမ်း အလွန်ကျွမ်း...
ငါ့နာမည်လဲ ..မှတ်ထား ချစ်ရင်ထူးတဲ့...ဟုတ်ကဲ့ ...ကျတော်က ဒိုးလုံး ပါ..
သူက ပိစိ...
သူက လုံးထည်...အိုကေ... အိုကေ ..ငါမှတ်ထားလိုက်ပီ
စဆော့မယ်...ဒီလိုနဲ့ ချစ်ရင်ထူး တစ်ယောက် ခလေးများနဲ့ ဘောပစ်နည်းစဆော့ပါတော့တယ်
ဟျောင့်.. ပိစိ... ဖမ်းလေ...
ဖမ်းတယ် ...အကိုရဲ့ ...
ရော့ ...အကို ဖမ်းလိုက်..
ဘုန်းးး!!
အားးး!!!
ဒိုးလုံးပစ်လိုက်တဲ့ဘောလုံးက ချစ်ရင်ထူး မဖမ်းမိပဲ သူ့ခေါင်းလာမှန်လေသည်
မင်းငါ့ကို ...ပစ်တာလား... ဒိုးလုံး...
မပစ်ပါဘူး ...အကိုကလဲ ...မှန်သွားတာပါ...
ငါ့ခေါင်းမူးသွားပီ ..အဝတ်တွေ ...ပေကုန်ပီ
မင်းမိုက်တာလား...နပန်းလုံးမလား..အကို ..ရန်မရှာနဲ့နော်.. အမေနဲ့တိုင်ပြောမှာ..
မင်းကများ...
အထူးလေး..
ကိုမင်းခက်.. လာအုံးဗျာ.. ခဗျား ...လာတာနဲ့အတော်ပဲ ...
ဘာဖစ်လို့လဲ ..အထူးရဲ့...
ဒီမှာလေ ...ဒိုးလုံး ကျတော်ခေါင်းကို.. ဘောနဲ့ပစ်တယ် ..ကျတော်ခေါင်းမူးသွားပီ...
အထူးက ..ဘာလို့ ခလေးတွေနဲ့ဆော့တာလဲ... ဘောပစ်နည်းပဲ ...ဖမ်းရင်ဖမ်း.. မဖမ်းရင်မှန်မှာပေါ့...