ကိုသူ... တော်တော့ ..အေ့ ...မသောက်နဲ့တော့ ကျတော်မရတော့ဘူး....အေ့...
ဟာ ...သောက်စမ်းပါကွာ ...အေ့... ငသူကွ အေ့... ဘယ်လောက်သောက်သောက်... မမူးဘူး... အေ့...
မင်းတို့မြို့မာ... မရှိဘူး ...သောက် ...အေ့ကိုသူ... ညရောက်နေပီထင်တယ်နော်... အေ့မှောင်နေပီ ...အေ့...
ပြန်မယ် ...လာ ...အေ့...နှစ်ယောက်သား သောက်နေကျတာ မြူအိုး ၆အိုးရှိလေပီလေ
ချစ်ရအောင်မှာ အိမ်ပြန်ချင်သော်လဲ သူ ကိုခေါ်မရ
ကိုသူ... ပြန်မယ် ...
ဟာကွာ ...ငသူကွ ..အေ့ ...ဘယ်သူမှ ဂရုမစိုက်ဘူး ...အေ့ ...မိုက်တဲ့သူ ထွက်ခဲ့ ...အေ့ ဟျောင့် ...ငသူကွ ...အေ့...
ကိုသူ ...ဘာတွေအော်နေတာလဲ... ရိုက်ခံနေရမယ်...
ဘယ်သူရိုက်ရဲလဲကွ ...အေ့ ...ငသူနော် ..အေ့
သူကြီးလဲ.. အေ့ ...မကြောက်ဘူးကွ ဟားဟားးသူတောင်.. သူထိပ်တုံး ...သူမိနေတာကွ ဟားးးဟားးအေ့...မဖစ်တော့ဘူး.. ငါမနိုင်တော့ဘူး ..ရအောင်ပြန်ခေါ်မှ ရမယ်...
ချစ်ရအောင် မူးနေတာတောင် သူ မူးနေတာကိုကြည့်ပီး ပျောက်နေသည်
ကိုသူ ..ထ ..ပြန်မယ်... ကျတော့်ကို ...တွဲ
ချစ်ရအောင်လဲ သူ ကိုတွဲပီး
ငသူနော် ..တရွာလုံး ...စိန်ခေါ်တယ်ကွ...
သူမှာ ပုဆိုးကိုစလွယ်သိုင်းပီး ဖိနပ်နှစ်ဖက်ကို လက်မှာ စွပ်လို့ ခြေဗလာနဲ့
ဟုန်းးးဟုန်းးး...!!
ဟုန်းး...!!
ဘယ်ခွေးလဲ ...ငါ့ကိုဟောင်တာ...အေ့ ...ဟဲ့ ခွေး... ငါပြောနေတာပြောစမ်း... အေ့...
ကိုသူရာ.. တိတ်တိတ်နေစမ်းပါ ..သူများတွေအိပ်နေလောက်ပီ...
ငါ့ကို ..ဟောင်နေတာလေ ...မင်းမမြင်ဘူးလား အေ့... သူတောင်းစား ခွေး ..