'' ဟွန်း ''
'' နာခံလျက်ပါ အရှင့်သား ''
'' ဒီနေ့ နိဟွန်းကမင်းသားနှစ်ယောက်နဲ့ နိဟွန်းမှာအာဏာရှိတဲ့အမတ်တွေရဲ့သားတွေလာမယ် ကြိုဆိုဖို့ပြင်ဆင်ထားလိုက်ပါ ''
'' အမိန့်တော်ကိုနာခံလျက်ပါ ''
18 နှစ်ပြည့်မှကိုယ်ရံတော်လုပ်ရမယ်ဆိုသော်ငြား.....
17 နှစ်ပြည့်ပြီး နောက်နေ့မှာတင် ကိုယ်ရံတော်ဘွဲ့ချီးမြှင့်ခံရတော့ သခင်လေးမှာငိုရခက် ရယ်ရခက်....အိမ်ရှေ့စံဟာသိပ်ဆိုးလွန်းတယ်..
သူ့စကားအရာရာနာခံတတ်အောင် ငယ်ငယ်ထဲကသင်ပေးသွားခဲ့တာ၊ ရင်ခုန်ရတဲ့ချစ်ဉီးသူဟာလည်း အိမ်ရှေ့စံသာ။
အိမ်ရှေ့စံဟာတော့ မသိကျေးကျွန်ပြုကာ ခစားခိုင်းနေမြဲ...
ဆိုတော့လည်း ဒီသခင်လေးဟာ အိမ်ရှေ့စံရဲ့ သဘောတော်အရှိပေါ့
။
။
။နိဟွန်းကမင်းသားတွေနဲ့သခင်လေးတွေကို ကြိုဆိုခြင်းတွင် ကင်မ်မျိုးနွယ်ရဲ့သခင်လေးနှစ်ယောက်က ဝင်ကူညီပေးလေရဲ့...
'' ဂယူ မင်းကဓားတကားကားနဲ့ ချထားပါလား ''
ဟုတ်ပါရဲ့.... စစ်သူကြီးကင်မ်ရဲ့သားနှစ်ယောက်ပါ...
စစ်သူကြီးကင်မ်က ဒီတိုင်းပြည်ရဲ့ထိပ်တန်းသိုင်းပညာရှင်..
တိုက်ပွဲတိုင်းကိုအောင်မြင်မှုတွေသာ ယူဆောင်လာခဲ့သူ...
ဟွန်းငယ်ဟာ စစ်သူကြီးရဲ့အနီးကပ်တပည့်တစ်ယောက်။
ဂယူနဲ့ယောင်းကိုလည်း စစ်ရေးစစ်ရာတွေသင်နေချိန်တွင် ရင်းနှီးခဲ့ခြင်း၊ နူးညံ့သည်မဆိုသာသော နူးညံ့ခြင်းတွေကိန်းအောင်းနေသည့် သခင်လေးနှစ်ယောက်နှင့် ရင်းနှီးရခြင်းဟာ အဖော်အပေါင်းမရှိတဲ့ ဟွန်းအတွက် မိုးနတ်မင်းရဲ့ကောင်းချီးသာ။'' မချနိုင်ပါဘူး တစ်စုံတစ်ခုဖြစ်ရင်ဘယ်လိုလုပ်မလဲ ''
'' ဟုတ်သားပဲဗျာ အစ်ကိုတော်ဟွန်း မပူပန်ပါနဲ့ ''
'' ဒါမဲ့ ဂယူ... တစ်ဖက်ကနိဟွန်းရဲ့မင်းသားတွေနော် ရန်ရှာတယ်ထင်နေရော့မယ် ''
'' ရော်...ဘာမှမဟုတ်တာမလုပ်ပါဘူးဆိုနေ ဟွန်းကငါ့ကိုမယုံတာလား ''
'' မဟုတ်ပါဘူး ''
'' ဒါမှငါ့ဟွန်းလေး ''
အပြောနဲ့အတူ ဟွန်းရဲ့ခေါင်းကဆံပင်တွေကိုဆွဲဖွလိုက်တဲ့ ဂယူဟာ ပြုံးပြုံးရွှင်ရွှင်...
ဟွန်းဟာလည်း မျက်လုံးလေးတွေမှိတ်တဲ့အထိ ရယ်လိုက်မိသည်။
ကင်မ်ဂယူကို ဘယ်သူကနိုင်ဖူးလို့လဲ။
အလိုလိုက်သာလိုက်ကြသည်လေ။
YOU ARE READING
'' That's all my...''
Fanfiction'' ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို ကြည့်မိတိုင်း မင်းကိုလွမ်းလိုက်တာ ဟွန်းရယ် ''