'' အိမ်ရှေ့စံ!!!! "
ခဏပါပဲဆိုပြီး ထွက်သွားတဲ့အိမ်ရှေ့စံဟာ တော်တော်နှင့်ပြန်ရောက်မလာသည်မို့ ဟွန်းလိုက်သွားခဲ့တော့
တောရိုးတစ်လျှောက်မှာတွေ့လိုက်ရသည့် သွေးအိုင်ထဲရှိဝတ်ရုံနက်များ..။
ငါးယောက်လောက်ကသေဆုံးနေနှင့်သည်မို့ အိမ်ရှေ့စံ၏သတ်ပစ်ခဲ့သည်မှာ သေချာပါသည်။သို့သော်အိမ်ရှေ့စံ၏အရိပ်ကိုပင်မတွေ့ရ...။
တျောက်လျှောက်အော်ခေါ်နေသော်ငြား ပြန်ထူးမည့်သူမရှိ..
သွေးစီးကြောင်းတစ်လျှောက်လိုက်ခဲ့တော့ တောကအတော်ပင်နက်နေလေပြီ။
ဓားချင်းရိုက်ခတ်သံတွေကြားရသည်မို့ ချက်ချင်းပြေးသွားလိုက်တော့ အိမ်ရှေ့စံကိုဝိုင်းထားသည့် ဝတ်ရုံနက်နှင့်လူဆယ်ယောက်..။အရာရာကိုတတ်မြောက်လွယ်သည့်ပါရမီကို ဒီအချိန်တွင်ကျေးဇူးအတော်တင်မိသည်။
မဟုတ်ပါကယခုအချိန်တွင် သိုင်းပညာကအိမ်ရှေ့စံကို ယှဉ်နိုင်မည်အထိမြင့်မားလာဉီးမည်မဟုတ်..။
ဓားကိုချက်ချင်းဆွဲထုတ်ကာ တိုက်ခိုက်လိုက်တော့ သူ့ဘက်ကိုအာရုံရောက်လာသည့် လုပ်ကြံသူတွေ...။
တစ်ယောက်ချင်း ဟွန်းလက်အောက်မှာဇီဝိန်ချုပ်ကုန်တော့ ထိုလူတို့သည် ထွက်ပြေးဖို့ကြံလာကြသည်။နောက်ဆုံးကျန်သောလူတစ်ယောက်ကို မသတ်ပစ်ဘဲမေ့ကြောကိုဖိချလိုက်တော့ ခွေကျတဲ့ကိုယ်ကိုဆွဲထားလိုက်သည်။
လုပ်ကြံသူတွေအပေါ်တော့ သဘောမကောင်းနိုင်ပါ..ဂုတ်ကနေသာ ဆွဲခဲ့လိုက်သည်။
ဒီလောက်နဲ့တော့မသေပါဘူး...လေ့ကျင့်ခံထားရတဲ့လူတွေပဲဟာ။စိတ်ပူသွားတာကြောင့် အိမ်ရှေ့စံကိုစကားတွေ တရစပ်ပြောမိတော့ ရလာတဲ့အကြည့်စူးစူး..။
'' ဘာအလိုရှိလို့ တစ်ယောက်ထဲထွက်သွားရတာပါလဲ အရှင့်သား ကျွန်တော်မျိုးကိုပြောရင်လည်းရရက်နဲ့... တောကအရမ်းနက်လွန်းတယ် သွေးစီးကြောင်းတွေကြောင့်သာ မဟုတ်ရင်ကျွန်တော်မျိုး အချိန်ခဏတွင်းရှာတွေ့မှာမဟုတ်ဘူး ''
'' မာရှီဟိုကိုသာကာကွယ်ပေးစမ်းပါ ငါကမင်းထက်သိုင်းပညာမြင့်တာမမေ့စမ်းနဲ့ ပတ်ခ်ဟွန်း ''
YOU ARE READING
'' That's all my...''
Fanfiction'' ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို ကြည့်မိတိုင်း မင်းကိုလွမ်းလိုက်တာ ဟွန်းရယ် ''