မာရှီဆီရောက်သွားတော့ အဆူခံလိုက်ရသည်။
'' ပတ်ခ်ဟွန်း မင်းဘာဖြစ်လာတာလဲ ''
ဖြစ်သွားသမျှအကုန်လုံးကို ပြောပြလိုက်တော့ စိုးရိမ်နေတဲ့မျက်ဝန်းလေးနဲ့ လက်ကိုဆွဲခေါ်သွားတဲ့ မာရှီကြောင့် သူ့မှာငြင်းချိန်မရှိ ၊
အဆောင်တွင်းသာပါသွားရသည်။
ခင်းထားတဲ့အိပ်ယာပေါ်မှာထိုင်ခိုင်းပြီး ပုဝါစလေးနဲ့အတူ ရေဇလုံတစ်ခုယူလာပြန်သည်။မိုးပြာရောင်အပေါ်ဝတ်ရုံလေးကို ချွတ်လိုက်တော့ အောက်ခံဝတ်စုံအဖြူပေါ်၌ သွေးတွေတစ်စွန်းတစ်စ...
ဝတ်စုံအဖြူကိုဖဲကြိုးတွေဖြည်ချကာ လက်ကိုချက်ချင်းကြည့်တဲ့ မာရှီကဆူပူဖို့လည်းမမေ့။
အရမ်းမနက်သွားတဲ့ဒဏ်ရာကြောင့် သူဆေးစည်းပေးရုံနဲ့အဆင်ပြေတာဖြစ်ကြောင်း၊ မဟုတ်ရင်သွေးထွက်လွန်ပြီး သေနိုင်ကြောင်း၊ ရူးနေလို့ခန္ဓာကိုယ်နဲ့ပါ ဝင်ခံလိုက်ရလားဆိုပြီး ထအော်တာကတစ်မျိုး၊ တစ်ယောက်ထဲကိုအမျိုးမျိုးဖြစ်နေတဲ့ မာရှီကိုရယ်ချင်ပေမဲ့လည်း သူ့မှာမရယ်ရဲ။'' အင်းပါ မာရှီရာ တော်ပါတော့လား ငါ့ကိုလာဖို့ခေါ်ခိုင်းလိုက်တာ ဒီလိုဆူဖို့လား ''
'' မင်းကအချိုးကိုပြေမနေတာလေ ပြန်ဝတ် ဟိုအင်္ကျီကို ပြီးရင်ပြောစရာရှိတာပြောမယ် ''
'' သိပါပြီ သခင်လေးရာ ''
ရွှတ်နောက်နောက်ဆိုမိတော့ ရလာတဲ့မျက်စောင်းက ကြောက်ဖို့ကောင်းစွာ၊
ပစ္စည်းတွေအကုန်သေချာသိမ်းပြီးသွားတဲ့ မာရှီဟာ အခေါ်တော်လွှတ်လိုက်တဲ့ကိစ္စကို စပြောလေတယ်။'' ဟိုတစ်လကလုပ်ကြံသူကိစ္စမှတ်မိတယ်မလား ''
ရယ်ပြီးစနောက်ဖို့ပြင်နေရာကနေ ချက်ချင်းငြိမ်သွားကာ အာရုံစိုက်လိုက်တဲ့ သခင်လေးဟွန်းဟာ တရားခံကိုအရမ်းမိချင်နေပုံပေါ်ပါသည်။
အဲ့တစ်ခေါက်ကဖမ်းမိခဲ့သည့်လူက သတိရရချင်းသတ်သေသွားတာမို့ ဘာမှလုပ်ချိန်မရလိုက်။
မြေခွေးခေါင်းကိုနွယ်ခက်တွေရစ်နွယ်ထားတဲ့ တက်တူးပုံစံသည် ထင်ထင်ရှားရှားမို့ မာရှီကိုအကူအညီတောင်းလိုက်ရသည်။
သေချာပေါက် မာရှီကရှာပေးနိုင်လိမ့်မည်၊ သူကိုယ်တိုင်ရှာ၍မဖြစ်.. သတင်းကချက်ချင်းရသွားကာ သဲလွန်စတွေပါဖျောက်သွားနိုင်သည်။
ESTÁS LEYENDO
'' That's all my...''
Fanfic'' ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို ကြည့်မိတိုင်း မင်းကိုလွမ်းလိုက်တာ ဟွန်းရယ် ''