( ဤအပိုင်းတွင်ပါမည့် သမိုင်းများ အကြောင်းအရာများသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်များ မဟုတ်ဘဲ စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်ပါသဖြင့် အမှားအယွင်းများပါသွားခဲ့လျှင် တောင်းပန်အပ်ပါသည်။)
။
။
။
။'' ကင်မ်ဂယူ ''
နားထဲဝင်လာတဲ့ သြရှရှအသံကြောင့် ရေစပ်မှာထိုင်နေရာကနေ ဆတ်ခနဲလှည့်ကြည့်မိတော့ နိဟွန်းမင်းသားငယ် ဟာရူတို...
ရေစပ်နားက အပင်အိုကြီးအောက်မှာ စောင့်နေပြီး ဆက်မလျှောက်လာတာကြောင့် သူသာထသွားရသည်။အနားရောက်တော့ မင်းသားငယ်ရှေ့ရပ်ကာ ဉီးညွတ်၍နှုတ်ဆက်လိုက်တော့ ပြုံးပြုံးလေးနဲ့ဉီးပြန်ညွတ်တာမို့ သူ့မှာအလန့်တကြား...
'' မင်းသားငယ် ကျွန်တော်မျိုးကိုဉီးပြန်မညွတ်သင့်ပါဘူး ကျွန်တော်မျိုးကမင်းသားငယ်ထက် အဆင့်နိမ့်ပါတယ် ''
'' မနိမ့်ပါဘူး နိဟွန်းမှာဆိုစစ်သူကြီးမျိုးရိုးက မင်းသားတွေလိုအာဏာနဲ့ ''
'' ဒီမှာတော့မတူပါဘူးဗျ ''
'' မနက်ကသင်ပေးတဲ့သိုင်းပညာကို တစ်ခေါက်လောက်ပြန်သင်ပေးပါလား ''
'' ဟင် ဟွန်းကရော မရှိဘူးလား ''
'' မာရှီနဲ့အလုပ်ရှုပ်နေတယ်သူက ''
'' အော် ဟုတ်ကဲ့ ပြန်သင်ပေးပါ့မယ် ''
။
။
။
။
နိဟွန်းကနေ ရှီလာကိုရောက်လာရခြင်းဟာ ရှီလာရဲ့စစ်ရေး စာပေ အနုပညာအပြင် သံတမန်ရေးရာအရပါလေ့လာဖို့ ရောက်လာခြင်းပင်။
ကင်မ်စစ်သူကြီးကိုယ်တိုင်သင်ပြပေးခြင်းမို့ အိမ်ရှေ့စံအပါအဝင် ပတ်ခ်သခင်လေးနှင့်ကင်မ်သခင်လေးနှစ်ယောက်ပါ ဝင်၍လေ့လာသင်ယူရသည်။...............။
နိဟွန်းမင်းသားငယ်ကပြောလာမှတော့ သူ့မှာငြင်းဆိုခွင့်ဆိုတာမရှိ၊
'' ကျွန်တော်မျိုးနောက်လိုက်ခဲ့ပေးပါ မင်းသားငယ် ''
ခေါင်းငြိမ့်ပြကာ အနောက်မှဖြည်းဖြည်းချင်းလျှောက်လာလေသူသည် သလင်းကျောက်တွေနှင့်လှပသောဂူကိုမြင်မှ မေးခွန်းထုတ်လာခဲ့သည်။
ESTÁS LEYENDO
'' That's all my...''
Fanfic'' ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို ကြည့်မိတိုင်း မင်းကိုလွမ်းလိုက်တာ ဟွန်းရယ် ''