မနက်မိုးလင်း အိပ်ယာမှ နိုးလာတဲ့ခမ်း အောက်ထပ်သို့ ဆင်းလာပြီး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာ၏။
ဟန်သာ သတင်းစာထိုင်ဖတ်နေသည်ကို တွေ့တော့ အနားသွားထိုင်လေသည် ။
" ကိုကို "
" ပြော "
" မေက သွားတော့မယ်လို့ ညကပြောတယ် "
" ဘယ်ကိုလဲ "
" မေရဲ့ မွေးရပ်မြေ ဖိုး ဖွားတို့ရှိလောက်မယ်လို့ ထင်တဲ့ နယ်တဲ့ ။ အဲ့ကို ဘယ်လောက်ကြာမလဲ ကျွန်တော် မသိဘူး "
ခမ်းပြောသည့် သဘောကို နားလည်သွားတဲ့ ဟန်သာက သတင်းစာကိုပိတ်ကာ ခမ်းကိုကြည့်လာတော့၏။
ခမ်းတို့ ဒီအိမ်ရောက်ကြာတာ တစ်ပတ်ပင်မပြည့်သေး ။ ခမ်းနဲ့သူ ရင်းနှီးတာဖြင့် မကြာသေး ။ သူတို့က ထွက်သွားတော့မည် ပြောလာတော့ စိတ်ထဲက မကောင်း ။ လူကြီးတွေ၏ မိသားစုပြသာနာကို ဝင်ပြောပိုင်ခွင့်လည်း မရှိတော့ ချက်ချင်းဆိုသလို စိတ်က အဆင်မပြေခဲ့ပေ ။
ခမ်းက သူရှေ့မှ ကော်ဖီအိုးကို မမှီမကမ်းလှမ်းယူေလတော့ ဟန်သာမှကူပြီး ထည့်ပေးရသည် ။ ကိတ်မုန့်ပန်ကန်ကိုလည်း ခမ်းနားရွေ့ပေးလိုက်၏။
" မင်းရော လိုက်သွားချင်လား "
" ဗျာ "
" ဒီမှာနေတာ မပျော်ဘူးလား ။ နေခဲ့လေ "
တစ်ကိုယ်ကောင်းဆန်သည် ပြောပြော ခမ်းနှင့် နေရတာ သူပျော်သည် ။ ခမ်းကို ပြန်မထည့်ပေးချင် ။ ညီကို မောင်နှမ မရှိလို့ အဖော်မင်တာလားဆိုတော့လည်း မဟုတ် ။ အဖေဖြစ်သူ နောက်မိန်းမ၏ သားလာရင် အနားပင် အကပ်မခံသည့် သူက ၊ ကလေးတွေ မြင်ရင် သဘောမကျသည့်သူက ခမ်းကိုတော့ အချိန်ခဏတာဖြငိ့ ရင်းနှီးသွားခဲ့လေသည် ။
ခမ်းမှ စကားသံပင် ပြန်မလာခဲ့လေတော့ ဟန်သာ စိတ်ဆိုးကာ ထ ထွက်သွားတော့သည် ။ ထိုနေ့က တစ်နေလုံး ဟန်သာ အိမ်ပြန်မလာခဲ့ပေ ။ ညမိုးချုပ်မှ အိမ်ပြန်လာတက်တဲ့ ဟန်သာကိုတော့ အန်တီလေး၏ တဖြန်းဖြန်းနဲ့ ရိုက်သံတွေနှင့် ဟန်သာပြန်ပြောသံတွေကိုတော့ ခမ်း ကြားဖြစ်အောင် ကြားလိုက်သေးသည် ။
YOU ARE READING
ခမ်း ( Khám)
Любовные романыကျွန်တော့်မှာ ရှိခဲ့တာဆိုလို့ ခင်ဗျားမရှိတဲ့ နေ့ရက်တွေချည်းပါပဲ