အိပ်ယာထက်ဝယ် ဟန်သာကို နောက်ကနေ တင်းကြပ်စွာနဲ့ ပွေ့ဖက်ထားခဲ့ပြီး ခမ်းမျက်နှာက ဟန်သာပခုံးထက် တင်ထားလျက် ။
ခမ်းရင်ခွင်ထဲ အသင့်ရောက်နေခဲ့တဲ့ ဟန်သာက ကြည်နူးနေခဲ့ပြီး ခမ်းလက်ဖဝါး တစ်ဖက်က ဟန်သာ တက်တူးကို ဖိကိုင်လိုက် ၊ လက်ကောက်ဝတ်ကို ငုံနမ်းလိုက်နှင့် အလုပ်ရူတ်နေခဲ့သေးသည် ။ ခမ်းအပြုအမူကို ဟန်သာ သဘောကျနေခဲ့ပြီး အကြည့်ချင်းလည်း ဆုံစေခဲ့သည် ။
" ခုကစပြီး ကိုယ့်ကို ကိုကိုလို့ ခေါ်တော့နော် ခမ်း "
နှစ်ကိုယ်သားကြားရရုံသာ တိုးဖွဖွ ဆိုလာစဥ် ဟန်သာလက်တွေကို လွှတ်လိုက်၍ ခမ်း တင်းတင်ကြပ်ကြပ် ထပ်မံပွေ့ဖက်လာသည် ။
" ကိုယ်ကသာ နှစ်တွေအကြာကြီး ချစ်ခဲ့ပြီး လွမ်းနေခဲ့ရတာ "
" လွမ်းတာပေါ့...ကြှနျတောိလညျး အချိန်အကြာကြီး လွမ်းနေခဲ့တာ "
" ကိုယ့်ကို ချစ်သလား ခမ်း "
" မေးစရာမလိုတဲ့ မေးခွန်းပါ ဗျာ "
" ကိုယ် ကြားချင်တယ်လေ ခမ်း "
" အဟင်း....ချစ်တာပေါ့ဗျာ "
" ကိုယ်နဲ့ အိပ်ပြီးလို့ မဖြစ်မနေပြောတာတော့ မဟုတ်ပါဘူးနော် "
" ခင်ဗျား.... "
ရုတ်တရက် ပြောင်းလဲသွားတဲ့ ခမ်း မျက်နှာထားကြောင့် ဟန်သာ သဘောကျစွာ ရီလိုက်ပြီး ခမ်း ပါးနှစ်ဖက်ကို လက်ဖြင့် ဖိကပ်လိုက်သည် ။
" အဲ့လို ခင်ဗျား ခင်ဗျားလို့ ခေါ်တာကို မကြိုက်ပါဘူး"
ထိကပ်လာတဲ့ နူတ်ခမ်းအစုံနဲ့အတူ တိုးဝင်လာတဲ့ လျှာဖျားတွေက မွတ်မွတ်သိပ်သိပ်နှငိ့ ။ ခမ်း နူတ်ခမ်းသား ထူထူကို ဖိကိုက်လိုက်ရင်း
" ခေါ် ကိုကိုလို့ "
" ကိုကို "
" အင်း ငါ့အချစ်လေး "
နှစ်ဦးသား သဘောကျစွာ ရယ်မောပြီးလေတော့ ခမ်းလက်ဖဝါးတွေ ဟန်သာနဖူးပေါ် ရောက်လာခဲ့သည် ။
ခပ်နွေးနွေးရှိနေသော အပူချိန်ကြောင့် ဟန်သာကို သူ့အိပ်ယာမှာ နေရာပြန်ချပေးလိုက်ပြီး ဆန်ပြုတ်နှင့် ဆေးကို ကိုယ်တိုင်တိုက်ပေးလေ၏။