Part - 20

1.3K 29 1
                                    

Unicode

" နာနေသေးလား "

" ဟင့်အင်း "

" နောက် ကိုယ့်ဒေါသကို လာမစွနဲ့ ။ နောက်ထပ်ပြီး ကိုယ် မကြိုက်တာလုပ်ကြည့် သတ်ပြစ်မယ် "

" ခွင့်လွှတ်ပေးမှာလား ကိုကို "

" မင်းက ငါ့ကလေးလေးလေ ။ မင်း ဘာအမှားလုပ်လုပ် ကိုယ် ခွင့်လွှတ်ပေးမှာပါ။ အဲ့ဒါကလည်း ကိုယ် သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ ။ မင်းပိုဆိုးလာခဲ့ရင်....

" နောက်ထပ် မလုပ်တော့ပါဘူး။ ကျွန့်တော့ ဘဝတစ်လျှာက်လုံး ချစ်တယ်လို့ ပြောခဲ့တာဆိုလို့ ကိုကိုတစ်ယောက်ပဲ ရှိတာ ။ ကိုကိုကလွဲဲပီး အခြား ဘယ်သူ့မှ ကျွန်တော် မချစ်နိုင်ဘူး ။ ကိုကို တစ်ယောက်တည်းပါပဲ "

ခေါင်းငုံကာ မျက်နှာညိုးငယ်နေသည့် ခမ်းကြောင့်နှင့် ဟန်သာ သက်ပြင်းချမိသည်။

" တော်သေးတာပေါ့ ။ လက်လွန်သွားမိတော့မလို့ ဆေးခန်း မသွားလို့ တကယ်ဖြစ်ရဲ့လား "

" ကိုကို ထိုးတာ ပုရွတ်ဆိတ်ကိုက်သလောက်ပဲ နာတာ ။ ကျွန်တော် ဘယ်လိုမှတောင် မနေပါဘူး ။.... လာပြီ လာပြီ စားစရာတွေ လာပြီ ကိုကို "

သွားဖုံးနဲ့ နူတ်ခမ်း နာနေသောကြောင့် ခမ်း သိပ်မစားနိုင်ခဲ့ပေမဲ့ ဟန်သာ သတိထားမိမှာ စိုး၍ အနည်းသာ စားခဲ့ပြီး ဟန်သာ ပန်းကန်ထဲသို့သာ ဟင်းတွေ ထပ်ထည့်ခဲ့သေးသည်။

3 နာရီကျော်မှ လမ်းမထက် စားသောက်ဆိုင် တစ်ခုမှာ နှစ်ဦးသား အကြည့်ချင်းဆုံရင်း နေ့လယ်စာ စားခဲ့ကြပြီး ရွာထဲသို့ ပြန်ခဲ့ကြသည်။

အကြောင်းမှာ ခမ်း၏အလှူက မပြီးပြတ်သေးသောကြောင့် သူငယ်ချင်းတစ်ယောက်တည်း ထားခဲ့ဖို့ မသင့်ကြောင်း ဟန်သာကို နားဝင်အောင် ရှင်းပြခဲ့ပြီး ဟန်သာ လက်ခံခဲ့ကာ ခမ်းနဲ့အတူမှ ပြန်မည်ဟု ပြောသောကြောင့် ဖြစ်သည်။

ခမ်းတို့ ရွာထဲ ပြန်ရောက်တော့ ညနေပင် စောင်းလှ၏။

ခမ်းမျက်နှာမှ ဒဏ်ရာတွေ မြင်တော့ အလင်းရောင် ကိုယ့်ကိုကိုယ် သတိနဲ့နေရင်း ဟန်သာကိုမြင်တာနဲ့ ရှောင်ဖယ်နေတော့သည်။ ခမ်းနှင့် အတူနေရသည့် တဲ့နေရာမှာလည်း မနေတော့ဘဲ အခြားနေရာသို့ ချက်ချင်း ပြောင်းသွား၏။ အလင်းရောင် အဖြစ်ကို မြင်လေတော့ ခမိးတစ်ယောက် ကျိတ်ရီလိူက်သေးသည်။

ခမ်း ( Khám) Where stories live. Discover now