ဟန်သာ တရေးနှိုးလေတော့ မနက် 2 နာရီတည်း။ အောက်ထပ်ဆင်း ရေသောက်ပြီး ခမ်း အခန်းရှ်ရာသို့ ရောက်သွားလေတော့ အခန်းထဲ၌ လူမရှိနေပေ။
အိမ်မှာ မရှိကြောင်း သိတော့မှ ဖုန်းဆက်သွယ်လေ၏။ စက်ပိတ်ထားသော ဖုန်းကြောင့် ဟန်သာ ဒေါသထွက်ရလေပြီး ချက်ချင်း ခမ်းအလုပ်လုပ်သည့် ဘားကို လိုက်သွားခဲ့သည်။
ဘားမှာလည်း မရှိ ခမ်းရဲ့အဆောင်မှာလည်း မရှိနေသောကြောင့် စိုးရိမ်ပူပန်မူက မြင့်လာခဲ့သည့် ဟန်သာတစ်ယောက် အိမ်လည်း မပြန်နိုင်ဘဲ ခမ်း၏ အဆောင်ရှေ့၌သာ ကားရပ်ထားပြီး ဆက်သွယ်မရသော ဖုန်းကိုသာ အကြိမ်ကြိမ်ဆက်နေတော့သည်။ ခမ်းကို ရှာဖွေနေရင်း အချိန်တွေ ကုန်ခဲ့တာ မနက် 6 နာရီပင် ထိုးတော့မည် ။
ဘယ်တွေကိုများ ရောက်နေတာလဲ ခမ်းရာ ....
*****
အလုပ်ပင်ပန်းတာက တစ်ကြောင်း တစ်ညလုံး မအိပ်ရတာတစ်ကြောင်းနှင့် စိတ်ဖိစီးမူ ရောနေသော ဟန်သာက အလုပ်ထဲကိုသာ လာရတယ် စိတ်တော့ မကြည်နေခဲ့ပါ ။
ဇေယျက်ု တာ၀န်ပေးကာ ခမ်းကိုခြေရာခံခိုင်းထားပြီး အလုပ်ကိုသာ အာရုံစိုက်ရန် ကြိုးစားတော့သည်။ မနက်ခင်း အတွင်းရေးမူးပို့ထားသည့် အစီရင်ခံစာကို ဖတ်ပြီး ညက ဧည့်သည်အ၀ငါအထွက် List ကို စစ်ဆေးလေရာ ဒေးဗစ်နာမည်ကို တွေ့ရစဉ် မျက်နှာခက်ထန်သွားရ၏။
ချက်ချင်းဆိုသလို အတွင်းရေးမူးကို ဆက်သွယ်ပြီး ဂျာကြီးကို ခေါ်ခိုင်း၏။
" ဒေးဗစ်လာရင် လက်မခံနဲ့လို့ ပြောထားတယ်မလား "
" ဟုတ်ကဲ့ ညက သူဌေးကိုယ်တိုင် ဖုန်းဆက်ပြီး လက်ခံခိုင်းထားလို့ပါ "
" သူ့အပြင် အခြားဘယ်သူပါသေးလဲ ။ ဘာပြသာနာ ရှာသေးလဲ "
" ပြသာနာတော့ မရှိပါဘူး ။ ဒါမဲ့ သူနဲ့အတူတော့ bellboy တစ်ယောက်တော့ ပါပါတယ် "
" ဘာ ...... bellboy ! ခမ်းလား "
GM မှ ခုံကိုထုပြီး ဒေါသထွက်ကာ ထရပ်လာတော့ ဂျာကြီး အနည်းငယ်တော့ လန့်သွား၏။
" ဟုတ်ပါတယ် ဆရာ "
" သူတို့ ဘယ်အခန်းလဲ "
" 304 မှာပါ "
YOU ARE READING
ခမ်း ( Khám)
Romanceကျွန်တော့်မှာ ရှိခဲ့တာဆိုလို့ ခင်ဗျားမရှိတဲ့ နေ့ရက်တွေချည်းပါပဲ