နေဝင်ချိန်ရောက်ခါလုနီးနီးအချိန်၌ အလုပ်ကြမ်း လုပ်ကိုင်နေရသော ထောင်သားအားလုံး ကိုယ့်အခန်းတွေဆီသို့ ပြန်လာကြရပြီမို့ တချို့က ရေချိုးဆောင်ဖက်ဆီ အမြန်ပြေးထွက်သွားကြပြီး တချို့ကတော့ ပင်ပန်းလွန်းလို့ အခန်းထဲမှာပဲ ပြန်အိပ်ကြရင်း ညစာ စားချိန်ကို စောင့်နေကြသည်။
ရိုင်းလ်စေတန် သူ့အခန်းသို့ ပြန်ရောက်နေတာ အနည်းငယ်ကြာပြီ။ သူ့အခန်း၏ သုံးခန်းကျော်က ခေတ္တရာရဲ့အခန်းမို့ ထိုကောင်လေးနဲ့ ရေတူတူချိုးဖို့ ရိုင်းလ် သူ့အခန်းထဲ၌ ဒိုက်ထိုးရင်း စောင့်နေတာပင်။
သို့သော်ငြား သူ ဒိုက်ထိုးနေတာတောင် အကြိမ်ငါးဆယ်မက ရှိနေပေမယ့် ခေတ္တရာက ပြန်ရောက်မလာသေးတာမို့ ဒိုက်ထိုးနေရာမှ ရပ်တန့်လိုက်တော့ပြီး အဝတ်အစားပင် ပြန်ဝတ်လိုက်ရတော့၏။
ရိုင်းလ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားအဖုအထစ် မများပေမယ့် ရင်အုပ်ကျယ်ပြီး အဆီမရှိဘဲ ချပ်ရပ်နေသော ဝမ်းဗိုက်၌ ယောက်ျားလေးတိုင်း၏ အိပ်မက်ဖြစ်သော ကြွက်သားအမြှောင်းမြှောင်းတွေကို မြင်လိုက်ရတဲ့ အခန်းဖော်ကောင်လေးခမျာ ထိုကပြားရုပ်နဲ့လူသစ်က မျက်နှာပဲ ချောတာမဟုတ်ဘဲ ခန္ဓာကိုယ်ကပါ အမိုက်စားမို့ တံတွေးများပင် မသိမသာ မျိုချလိုက်မိသွားသည်။
ရိုင်းလ်တို့၏ အခန်းတွေက သုံးယောက်တစ်ခန်း နေရတာဖြစ်သည်။
ထိုကောင်လေး၏ အတွေးထဲ၌ သူ့အခန်းဖော်အသစ်က gay ဟု ကြားခဲ့ရတာမို့ အနည်းငယ် ကျောချမ်းမိသွားခဲ့ပေမယ့် ထိုလူက သူတို့နှစ်ယောက်ကို ရှိတယ်လို့တောင် မြင်ပုံမရသလို ညအိပ်ရင်လည်း သူတို့နဲ့ အဝေးဆုံးမှာသာ ခွဲအိပ်တတ်သည်။ ထိုလူ့အာရုံနဲ့ မျက်လုံးတွေက သုံးခန်းကျော်ကိုပဲ ရောက်ရောက်နေတာမို့ ဒီလူ ထိုအခန်းက တစ်ယောက်ယောက်ကို ချိန်နေပုံပင်။
"မင်းရဲ့အခန်းဖော် ပြန်မလာသေးဘူးလား"
အားလုံးနီးပါး ပြန်ရောက်နေပြီမို့ ရိုင်းလ် သူ့သုံးခန်းကျော်ရှေ့ လာရပ်လိုက်ရကာ ခေတ္တရာ၏ အခန်းဖော်ကို လာမေးရတော့သည်။
YOU ARE READING
Snowless Winter Dream [Completed]