ငါးနှစ်ကြာပြီးနောက်။
ဆေးရုံအမည် - ရေးခေတ္တရာ
ဆေးရုံအုပ် - ရိုင်းလ်စေတန်
ဆေးရုံပိုင်ရှင် - ရေးခေတ္တရာဘာလိုလိုနဲ့ ကိုကို့အသက် 35 နှစ်၊ သူ့အသက် 33 နှစ်အရွယ်သို့ပင် ရောက်ရှိလာခဲ့ကြပြီ။
ဒီငါးနှစ်အတွင်း သူတို့နှစ်ယောက်ပေါင်းပြီး ရန်ကုန်မြို့၌ ဒီဆေးရုံကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။ နှစ်ဖက်မိဘတွေ၏ သူတို့အား အမွေတွေ စောစီးစွာ ခွဲပေးခဲ့တာကြောင့်လည်း စောစော အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သော်ငြား ထုံးစံအတိုင်းပင် ကိုကိုကတော့ ဆေးရုံနာမည်ကို ရေး၏ အမည်ကိုသာ ထွင်းခဲ့ပြန်ပြီး ဆေးရုံပိုင်ရှင်နေရာကိုပါ လွှဲပေးခဲ့ကာ သူကတော့ ဆေးကုသမှုကိုသာ အာရုံစိုက်ချင်သည်ဟု ဆိုလာခဲ့သည်။
ထိုဆေးရုံ၌ အင်္ဂလန်ပြန် ဒေါက်တာရိုင်းလ်စေတန်နဲ့ ခွဲစိတ်ကုသချင်သူတွေ တန်းစီနေတာမို့ ကိုကို တစ်နေ့တစ်နေ့ ခွဲခန်းဝင်ခဲ့ရတဲ့ အချိန်တွေ မနည်းခဲ့။ ထို့ကြောင့် အခုနှစ်ပိုင်းတွေ၌ ကိုကို့ကို အလုပ်လျှော့လုပ်ဖို့ပင် ဆေးရုံအချိန်ဇယားတွေကိုသာမက သူတို့အိမ်အောက်က ဆေးခန်းအချိန်တွေကိုပါ ရေး စီမံပေးနေရပြီ။
ဆေးရုံဝင်းထဲသို့ ဖြည်းညှင်းစွာ မောင်းဝင်လာသည့် ကားအနက်ရောင် တစ်စီးပေါ်မှ ဆင်းလာသော ခရမ်းဖျော့ရောင် ဝတ်စုံနဲ့ သူတို့ဆေးရုံပိုင်ရှင်ကို တွေ့လိုက်ရတာမို့ နှုတ်ဆက်လိုက်ကြရသည်။
ထို့အတွက် ပြန်နှုတ်ဆက်ခဲ့ရင်း နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ရေးခေတ္တရာ သူ့ဆေးရုံထဲသို့ ဝင်လာခဲ့သည်။
"ဆေးရုံအုပ်ကြီး round လှည့်နေတုန်းလား"
"ဟုတ်၊ တတိယထပ်မှာပါ၊ ခဏနေ လှည့်လို့ ပြီးတော့မယ် ထင်တယ်"
ရေး တတိယထပ်သို့ တက်လာခဲ့သည်။
ထိုစဉ် သူ ဘယ်အချိန်ကြည့်ကြည့် မြတ်နိုးနေရဆဲ၊ သူ အမြင်ချင်ဆုံးပုံစံဖြစ်သည့် ဂျူတီကုတ်အဖြူနဲ့ ကိုကို။ လူနာတွေကြား အပြုံးတွေ တောက်ပနေတဲ့ ထိုအမျိုးသားကို အဝေးကနေသာ ရေး လှမ်းငေးနေလိုက်မိသည်။ ထို့နောက် ကိုကို့အလုပ်ချိန်ကို မနှောင့်ယှက်ချင်တာကြောင့် ကိုကို့ရုံးခန်းထဲမှာသာ သွားဝင်စောင့်နေလိုက်တော့သည်။
YOU ARE READING
Snowless Winter Dream [Completed]