"ပိုးဥ က ကျောင်းတက်သေးတာလား"
ထမင်းစားပြီး ဉာဏ်သာ ပိုးဥ ကို တွေ့လိုက်၍ မေးလိုက်လေရာ ပိုးဥက သူ့ကို ပြုံးပြပြီး
"ဟုတ်တယ် ဆရာရဲ့၊ သမီးက ၁၀တန်းလေ"
"ကျူရှင်မယူဘူးလား"
"မယူပါဘူး ဆရာရယ်၊ သမီးက ကိုယ့်အားကိုယ့်ကိုးချင်တာ"
ပါးချိုင့်လေး နှစ်ဖက်ပေါ်အောင် ပေါ်အောင်ပြုံးရင်း ပြောလာသော ကလေးမလေးက ချစ်စရာ။ ဉာဏ်သာ သူမလေးကို ပြုံး၍ ကြည့်လိုက်ပြီး
"ဒီလိုလုပ် ပိုးဥ ကို ဆရာ စာသင်ပေးမယ်လေ"
"ဟာ အားနာစရာ ဆရာရယ်"
"ပိုးဥက ဘာကို အားနာတာလဲ၊ အမှန်ဆို ဆရာက ပိုးဥတို့ကို အားနာရမှာလေ၊ ပိုးဥတို့ကြောင့် ဆရာ အတွက် နေစရာအဆင်ပြေသလို ၊ စားရေးသောက်ရေးလည်း အဆင်ပြေတယ်၊ ဒါကြောင့်ဆရာက ကျေးဇူးဆပ်တဲ့ သဘောပါ"
"ဆရာက ပိုးဥကို စာသင်ပေးချင်တာလား၊ ဆရာသဘောလေ၊ ဒါမှ စံရံတို့ မိသားစုနဲ့ ဆရာ ပိုရင်းနှီးမှာပေါ့ အဟင့်"
လက်ထဲတွင် ကော်ဖီနှင့် မုန့်ပန်းကန်လေး ကိုင်ကာ ပိုးဥ နှင့် သူ့အနားလျှောက်လာသူက စီရံပင်။
"ဒီမှာ ဆရာလေး အချိုတည်းဖို့ "
"ဟိုလေ ကျွန်တော် ထမင်းစားပြီးတာ ခုနမှ၊ မစားတော့ဘူးနော်"
"အို ဆရာလေးကလဲ၊ ဒီက စေတနာရှိလို့ ဆရာလေးကို ဧည့်ဝတ်ပြုတာကို ဆရာလေးက မငြင်းကောင်းဘူးလေ"
ဉာဏ်သာ စိတ်ရှုပ်မိသည့်မှာ အမှန်။ ဒီအပျိုကြီး၏ သဒ္ဒါလွန်မှုက အတော်ဆိုးလေသည်။ ဉာဏ်သာ မျက်နှာကြီး မအီမသာဖြင့်
"ဟိုဗျာ မငြင်းတော့ မငြင်းချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ဗိုက်မဆံ့တော့လို့ပါဗျာ"
"ဟွန် မရပါဘူး၊ ဘာလဲ စီရံ ကိုယ်တိုင် ခွံ့ကျွေးရမှာလား"
ဟာ ဂွကျလှသည့် ဒီအမျိုးသမီး။ အတော်တော့ ခက်ချေလေပြီ။
"အို တီလေးကလဲ ဆရာက ဗိုက်ပြည့်နေလို့ မသောက်ပါဘူးဆို ဘာဖြစ်နေတာလဲ၊ ပေး ပိုးဥ ပဲ သောက်လိုက်တော့မယ်"
YOU ARE READING
ရင်ခုန်တာအချစ်လား
Romanceအရှက်သိက္ခာတန်ဖိုးထားတဲ့ ကျောင်းဆရာလေးနဲ့ အော်ကြောလန် အပျိုကြီး😁