☔ရင်ခုန်တာအချစ်လား☔
☔အပိုင်း ၁၀☔
"ကိုယ့်ကို ဖြစ်နိုင်ရင် အစ်မ ဘယ်မှာ ရှိနေလဲ ပြောပြပေးလို့ရမလား"
တောင်းပန်တိုးလျှသော သူ့ စကားသံက ပိုးဥအား အသနားခံနေလေသည်။ ပိုးဥလည်း ဆရာကို စိတ်မသက်မသာကြည့်ပြီး
"တီလေးက အခု လှည်းကူးဘက်မှာနေတယ် ဆရာ"
"တကယ် တကယ်လား"
စိတ်တွေအငြိမ်မနေစွာ မေးလာသော သူ့ ပုံစံက ကသောကမျှော။ မြစ်ထဲမျှော်နေသော လူတစ်ဦးက ရှားရှားပါးပါးတွေ့လိုက်ရသော ဒိုက်ဖုတ်လေး တစ်ခုကို မမှီမကမ်းလှမ်းဆွဲလိုက်မိသကဲ့သို့ သူမ ရှိနိုင်မည့် နေရာကို သိလိုက်ရသည့်က သူ့အတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ဖမ်းဆုပ်လိုက်မိသကဲ့သို့ပင် ဖြစ်နေလေသည်။
"ဒါပေမယ့် တစ်ယောက်တည်း မဟုတ်ဘူး ဆရာ"
"ဟင်"
မျှော်လင့်ချက်တွေ တနင့်တပိုး ဆုပ်ကိုင်ပြီးမှ တစ်စုံတစ်ရာဟစ်ဟာသွားသလို ရင်တစ်ခုလုံး တုန်လှုပ်သွားလေသူက မင်းဉာဏ်သာဖြစ်နေလေသည်။ သူ့ သူ့မှာ မျှော်လင့်ချက်မရှိလေတော့ဘူးလား။
"တီလေးနဲ့ အတူ ဆရာ သမီးလေးပါ ရှိနေပြီ"
"ဘယ်လို"
ဒီတစ်ခါကြားလိုက်ရသည့် စကားက နှလုံးသား အလယ်ဗဟိုတည့်တည့်မှာ သိမ့်ခနဲ့ နွေးကနဲ့။
"ပိုး ပိုးဥ ပြောလိုက်တာ"
"ဟုတ်ပါတယ် ဆရာ၊ တီလေးမှာ ဆရာနဲ့ ရတဲ့ သမီးလေးတစ်ယောက်ရှိနေပြီ"
မဖုံးနိုင်မဖိနိုင် သူ့နှလုံးသားထဲ လှိုက်ဖိုမောလာမှုက အတိုင်းအဆမဲ့စွာပင်။ မင်းဉာဏ်သာတို့ ကံကောင်းချက်များ။ မိန်းမ နှင့် သမီး တစ်ခါတည်း ပြန်ရမဲ့ကိန်း။
☔☔☔
လှည်းကူးကိုသွားဖို့ ရောက်ဖို့ ရန်ကုန်အိမ်မှ ချက်ချင်းကားယူကာ ထွက်ခဲ့လိုက်လေသည်။ သူသည် အစ်မ၏ လိပ်စာအတိုင်း အစ်မရှိရာ အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေသည်။ အိမ်ရှေ့ကို ရောက်သည့်အခါ ကားပေါ်မှ ဆင်းပြီး အစ်မရှိရာ အိမ်ကြီးကို ခဏမျှ ငေးကြည့်နေမိသည်။ အတော်အတန်သင့်ကြာမှ ခြံမကြီး တံခါးကို အသာတွန်းဖွင့်ကာ အိမ်ရှေ့သို့ လျှောက်လာခဲ့လိုက်လေသည်။
YOU ARE READING
ရင်ခုန်တာအချစ်လား
Romanceအရှက်သိက္ခာတန်ဖိုးထားတဲ့ ကျောင်းဆရာလေးနဲ့ အော်ကြောလန် အပျိုကြီး😁