ဒေါ်စီရံခြယ်တော့ သူ့ကို ပညာကောင်းကောင်းပေးနေပြီမှန်း ဉာဏ်သာသိလိုက်ရလေပြီ။
အရင်ဆို ထမင်းစားခါနီးတောင် အနားမှာ မမောနိုင် စကားတွေ ဆိုနေသော သူမက အနားကပ်ဖို့ ဝေးစွ။ ထမင်းစားရင်တောင် အတူမစားတော့ပေ။ သူ့ အနားကပ်ထိုင်မည့် ပြင်ရင် သူမက တစ်နေရာ ရွေ့ထိုင်သွားတတ်သေးသည့်က မင်းဉာဏ်သာ ရင်ထဲ ခုလုခုလုပင်။
အနားကပ်မည် ကြံလျှင် ရှောင်ထွက်သွားတတ်သည့်က တစ်မျိုး။
အတော်ဆိုးသည့် အစ်မကြီးပါလေ။"ကိုဉာဏ်ရေ ကိုဉာဏ်"
အိမ်ရှေ့မှ အသံကြား၍ ကြည့်လိုက်တော့ ဝါဆိုပင်။
"ရှိတယ် ဝါဆိုရေ အပေါ်တက်ခဲ့"
ဝါဆို တစ်ယောက် လက်ထဲမှ တစ်လုံးချိုင့်လေးဆွဲကာ အိမ်ပေါ်တက်လာတော့ အိမ်ရှေ့ ခုံမှာထိုင်နေသော ဉာဏ်သာ ကို တွေ့လိုက်ရလေသည်။ ဉာဏ်သာ ဘေးတွင် ဝါဆို ဝင်ထိုင်လိုက်ပြီး အိမ်ထဲဝေ့ဝိုက်ကြည့်ကာ
"ဒေါ်စီရံခြယ်ရော"
ဝါဆို အမေးစကားကြောင့် ဉာဏ်သာ မျက်နှာကြီး မအီမသာဖြင့်
"ရပ်ကွက်ထဲ သွားမှာပေါ့၊ မပြန်လာသေးဘူး"
"ဘာဖြစ်နေတာလဲ ကိုဉာဏ်မျက်နှာကြီးကလည်း မအီမသာနဲ့၊ ထမင်းရော စားပြီးပြီလား"
"မစားသေးဘူး ၊ စားချင်စိတ်မရှိသေးလို့"
အမှန်တော့ စီရံ ပြန်အလာကို သူ့စောင့်နေခြင်းပါ။ ဗိုက်ထဲက အူဘယ်နှစ်ခွေလောက် ခွေနေပြီဆိုတာ မပြောတတ်။ ဗိုက်ဆာလွန်း၍ တဂွီဂွီ မြည်နေရလေပြီ။ စိတ်ကြီးသည့် အစ်မကြီးကို သူကသာ မျှော်နေရတာပါ။ ပြန်လာရင်တောင် ထမင်းအတူစားဖို့ မသေချာ။
"ဝါဆို ထမင်းထည့်ပေးရမလား၊ ဒီမှာ ကိုဉာဏ် နေမကောင်းဘူး ဆိုလို့ ဝါဆို ကြက်သားစွပ်ပြုတ်လေး ပြုတ်လာတယ်၊ တစ်ခါထဲ စားလိုက်လေ၊ ဟင်းချိုင့်လဲ ဝါဆို လှယ်လိုက်မယ်"
"နေ နေ ရတယ်၊ ဟင်းချိုင့်ကို ကိုယ့်ဖာသာ လှယ်လိုက်မယ်၊ ထမင်းကတော့ မစားချင်သေးလို့"
မီးဖိုဘက် ဝင်ရန်ပြင်နေသော ဝါဆိုကို အလျှင်အမြန်တားကာ လက်ထဲမှ ချိုင့်အား သူ့ လှမ်းယူလိုက်စဥ်
YOU ARE READING
ရင်ခုန်တာအချစ်လား
Romanceအရှက်သိက္ခာတန်ဖိုးထားတဲ့ ကျောင်းဆရာလေးနဲ့ အော်ကြောလန် အပျိုကြီး😁