5 U/Z

3.8K 88 0
                                    

ညနေ ကတည်းက နှစ်ယောက်သား ဘုဘောက်ဘောက်ဖြစ်ပြီးကတည်းက ဟို အစ်မကြီး သူ့ အစ်မ အိမ်ဘက် ကူးသွားသည့်မှာ ပြန်ကို ပေါ်မလာတော့ချေ။ သူ့ကို စိတ်ဆိုးသွားသည့် ထင်ပါသည်။
အခုချိန်အထိ ပြန်ပေါ်မလာချေ။ နာရီကြည့်တော့ ၁၀ နာရီ ထိုးလုနေပြီ။

ဉာဏ်သာတစ်ယောက် စီရံကို စောင့်ရင်း အပြင်ကို တငေးငေး။ လည်ပင်းရှညနေရလေသည်။

အဲ့ ဝင်လာပါပြီ။ လက်နှိပ့်ဓာတ်မီးမှိန်ပြပြလေးဖြင့် ဝင်လာသော ကျွန်တော်ရဲ့ စွာတေးလန် အစ်မကြီး။  ခြံတံခါးမှ ဝင်လာသည့်ကို တွေ့သည့်နှင့် ဘုရားခန်း အရှေ့ရှိ  စောင်နှင့် ခေါင်အုံးကို ယူလိုက်ပြီး အိမ်ထဲဝင်ခဲ့လိုက်လေသည်။

စီရံ အိမ်ပေါ်တက်လာတော့ ဘုရားခန်း ရှေ့ကြည့်မိတော့ ဆရာကို မတွေ့ပေ။ ထိုကြောင့် အိပ်ခန်းထဲဝင်လာတော့

"ဘုရား ဘုရား"

သူမ အိပ်ယာပေါ်မှာ သူ့နေရာများလိုပင် ကျကျနန အိပ်နေသော မင်းဉာဏ်သာ။ ဒီကောင် ဘာအချိုးချိုးသည့်လည်းပေါ့။ မျက်မှောင်ကြုတ်လိုက်ပြီး

"ဒါဘာလုပ်တာလဲ မင်းဉာဏ်သာ"

ဖျာခင်းကာ ကျော့ကျော့မော့မော့ ခါးဆန့် အိပ်နေသော ဉာဏ်သာကို စီရံ ခါးထောက်မေးလိုက်လေတော့ ဉာဏ်သာ ငုတ်တုတ်ထထိုင်လိုက်ပြီး

"အိပ်မလို့လေ ၊ အချိန်လဲ ကြည့်ဦး ၁၀ နာရီထိုးနေပြီ၊ အစ်မကြီးက မအိပ်သေးဘူးလား"

"နင် နေရာနင်သွားအိပ်လေ၊ ငါ့ အိပ်ခန်းထဲ ဘာဝင်လုပ်တာလဲ"

"အတူတူ အိပ်မလို့လေ"

"ဘာပြောတယ်"

ဉာဏ်သာ ဒေါသဖြစ်နေသော အစ်မကြီးကို မချိသွားဖြဲ ရယ်ပြပြီး

"ဟုတ်တယ်လေ၊ လင်မယားဘဲ အတူတူ အိပ်ရမှာပေါ့"

သူ့ စကားကြောင့်  စီရံ မျက်မှောင်ကြုတ်လိုက်ပြီး

"အိပ်ချင်ရင် ဒီအခန်းထဲ နင်ဖာသာ တစ်ယောက်ထဲအိပ်၊ ငါတော့ နင်လို အရူးနဲ့ အတူ မအိပ်နိုင်ဘူး၊ ပြီးတော့ လင်မယား လင်မယားဆိုတဲ့ စကားလုံးကို နောက်တစ်ခါ နင်ပါးစပ်က မပြောမိစေနဲ့ ငါ့ လက်ဝါးက အရွယ်သုံးပါး မရွေးဘူး မင်းဉာဏ်သာ"

ရင်ခုန်တာအချစ်လားWhere stories live. Discover now