အခန်း ၁

53 4 0
                                    

"လန်ယွဲ့!"
အေးစက်တုန်ယင်နေတဲ့ ဒေါသသံတစ်ခုက သူရဲ့နားထဲကိုကြမ်းရှစွာတိုးဝင်လာပြီး နှစ်ခြိုက်စွာအိပ်မောကျနေတဲ့သူ့ကို အထိတ်တလန့်နိုးကြားစေခဲ့တယ်

သူ့ရဲ့နားစည်အနီးမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ ရင်းနှီးကာခက်ထန်တဲ့အသံက သူ၏နှလုံးသားကိုထိတ်လန့်သွားစေပြီး လန်ယွဲ့ရဲ့မျက်လုံးအစုံက ပြူးကျယ်သွားတယ်။

မှောင်မဲပြီး အေးစက်နေတဲ့ပတ်ဝန်းကျင်ကို သူအလန့်တကြားလှည့်ပတ်ကြည့်ပြီးနောက် ကုတင်ဘေးရှိမီးအိမ်ကိုအလျင်အမြန်ဖွင့်လိုက်မိတယ်။ သေးငယ်ပေမယ့်တောက်ပတဲ့မီးရောင်က အခန်းထဲမှာရှိတဲ့အရာဝတ္ထုအလုံးစုံကိုမြင်တွေ့နိုင်ရန်လုံလောက်နေပြီး ရှင်းလင်းကာငြိမ်သက်နေတဲ့အခန်း‌က လန်ယွဲ့ကို စိတ်အေးသွားသလိုခံစားရစေတယ်

ကုတင်ဘေးဘက်ရှိစားပွဲပေါ်မှာ သူချွတ်ထားတဲ့ဒစ်ဂျစ်တယ်နာရီလေးရှိပြီး သူလှည့်ကြည့်လိုက်ချိန်တွင် ထိုနာရီလေးကတတီတီအော်မြည်ကာ နံပါတ်(လေး)သို့ပြောင်းလဲသွားတယ်။

လန်ယွဲ့က ခေါင်းကိုကုတ်လိုက်ပြီး သူကြားခဲ့တဲ့အသံက မည်သည့်အရာဖြစ်ကြောင်းတွေးတောနေမိတယ်
"မေ့လိုက်သင့်တဲ့ဟာကို...စိတ်စွဲပြီးအိမ်မက်ထဲထိပါ အသံကြားနေရတယ်လို့"

လန်ယွဲ့က စိတ်ပျက်လက်ပျက်ရေရွတ်လိုက်ပြီး ကုတင်ပေါ်တွင်ပြန်လှဲလိုက်ကာ သူ၏ဖက်လုံးကိုဆွဲယူပွေ့ဖက်လိုက်တယ်။နွေးထွေးသည့်မွှေးပွစောင်ထူထူထဲထဲကိုခြုံလွှမ်းထားပေမယ့် ထိုခဏမှာ သူ့ရဲ့အခန်းအပူချိန်ကအလွန်အမင်းကျဆင်းနေကြောင်း သတိပြုလိုက်မိတယ်

ကျန်းမာ‌ရေးလိုက်စားသူတစ်ဦးအနေနဲ့ လန်ယွဲ့ကမည်သည့်အခါမှ အအေးပေးစက်ကိုအလွန်အမင်းမြင့်တင်မထားတတ်ပေ။ ဒါကြောင့် သူကမျက်မှောင်ကြုတ်လိုက်ကာ အအေးပေးစက် ရီမုရှိရာကိုလက်လှမ်းလိုက်ပြီး အခန်းအပူချိန်ကိုပြန်ညှိလိုက်တယ်။

သို့သော်လည်း ရီမုရှိရာသို့လှမ်းယူပြီးနောက် သူကြည့်လိုက်မိချိန်တွင် သူ၏မျက်နှာထက်၌ပဟေဠိဆန်သည့်အမူအရာပေါ်လာတယ်။
သူတိတ်တဆိတ်အပြစ်တင်နေတဲ့ အအေးပေးစက်က လုံးဝဖွင့်မ‌ထားခဲ့ပေ။

Beyond The DarkWhere stories live. Discover now