1

535 57 78
                                    

ဆာကူရာပန်း၏နူးညံ့သော အထိအတွေ့က Doyoung မျက်နှာပေါ်သို့  ကျီစယ်ဆော့စကားသွား၏။ လေ‌ေပြတစ်သုတ်ဝေ့တိုင်း ဆာကူရာနံ့တို့က မွှေးအီသင်းပျံ့လို့နေသည်

ဂယောင်းဟီးတက္ကသိုလ်ဝင်းအတွင်းကိုကို အကြိုက်ဆံုးနေရာက ဒီနေရာပါ။ Doyoung လဲသိပ်ကြိုက်တဲ့နေရာပေါ့

"  Doyoung ဘာလုပ်နေတာလဲ အတန်းချိန်စတော့မယ်လေ"

Haruto၏ ခေါ်သံကြောင့်လွင့်မြောနေသည့်  Doyoung အတွေးတို့ကို ပြန်လည်စုစည်းလိုက်၏ ။

"Professor Jeongwoo အတန်းဆိုတော့ Kim Doyoung တို့ စာနားမ‌ေထာင်ပဲ ထိုင်ကြည့်နေအုံးမှာမလား"
"ဟုတ်ပ သူတကယ်ကြီးကြိုက်နေတာလားမသိဘူး"

Yoshi ရဲ့စ‌ေနာက်မှုကို  လက်ကာငြင်းလိုက်ပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိမဟုတ်ပါလား။ သို့ပေမဲ့ ကိုကို့ အတန်းချိန်တိုင်း စာထက်ကိုကို့ ကိုသာငေးကြည့်နေချင်မိတာ


ဘေးနားကနေကာ တီတီတာတာပြောနေတဲ့ Haruto တို့အတွဲကို doyoung အမြင်ကတ်လို့နေ၏။ ည‌က ကိုကိုနဲ့ ရန်ဖြစ်လာတာကြောင့် စိတ်ရှုပ်နေပါတယ်ဆိုမှ

ကိုကိုနဲ့ ထိုအမျိုးသမီးကြောင့် သဝန်တိုစိတ်တွေဝင်ကာ မေးမိတာကို ကိုကိုက စ်တ်ဆိုးသွားခဲ့၏ ။ သူ့ကို မယုံလို့တဲ့လေ ။  doyoung ကို မအားပါဘူး‌ေပြာကာ  တစ်ခြား အမျိုးသမီးတစ်ဦးနဲ့အတူရှိနေတာတော့မလွန်ဘူးလား? မေးခွန်းထုတ်မိရင် ကိုကိုပြန်ပြောပါလိမ့်မယ် ကလေးက ကလေးလိုနေ၊ နေရာတကာ ဝင်မပါနဲ့ ။ ဒါပေမဲ့ ကိုကိုမေ့နေတာ အဲ့ကလေး သူ့ချစ်သူဆိုတာကိုပေါ့။

အခါပေါင်းများစွာ အဲ့လိုမျိုး ဒဏ်ကို ကြုံလဲ Doyoung နှလုံးသားဟာ တည်ငြိမ်ခြင်းမရှိ အသစ်တစ်ခုလို နာကျင်နေပါမြဲ..  ကိုကိုကတော့ Doyoung ကိုတစ်ချက်မျှ ငဲ့ကြည့်ခြင်းမရှိပဲ လူလွတ်တစ်ယောက်လိုသာပြုမူနေ၏။ Doyoung နဲ့ကိုကို‌တွဲနေတာ သိတာဆိုလို့ အချင်းချင်းသာရှိသည်။ Doyoung နဲ့အရင်းနှီးဆုံး yoshi နဲ့ Haruto ကိုပင် ပြောပြခွင့်မပေးခဲ့။

Doyoung ဟာ သိက္ခာတွေနဲ့ဂုဏ်တွေလောက်တောင် ကိုကိုအတွက် အရေးမပါ ပါဘူးလေ

အတွေးများနေစဉ် ကိုကို ဝင်လာတာမို့ Doyoung အတွေးဖြတ်လိုက်ရပြန်၏။ ကြည် လင်နေတဲ့ဘမျက်နှာနဲ့ စာသင်နေတဲ့ကိုကိုဟာ ညက အကြောင်းပြန်တွေးရင်း ဝမ်းနည်းနေတဲ့ Doyoung နဲ့တော့  ကွာခြားလို့နေ၏။ ကျောင်းသားတွေနဲ့ စာမေးရင်း အပြန်အလှန် တက်တက်ကြွကြွဆွေးနွေးနေတဲ့ ကိုကိုဟာ Doyoung ကို မမြင်တာပဲ မမြင်ချင်ယောင်ဆောင်နေတာလား?

END = START Where stories live. Discover now