အတန်းတွေပီးလို့ Jeongwoo အိမ်ပြန်ရောက်တော့ ညနေ ၅နာရီ။ young လေး အတန်းတွေက ညနေ ၄နာရီထိပဲ ပီးတတ်တာမို့ပြန်ရောက်နေေရာပေါ့။
"Young လေးကိုကို ပြန်ရောက်ပီ"
ပကတိတိတ်ဆိတ်နေသည့်အခန်းဟာ Jeongwoo ကို အသိစိတ်ကို ပြန်ဆွဲခေါ်လာ၏။ ဟုတ်သားပဲ young လေးမှ Jeongwoo နားမရှိတော့တာ..သူလေးထားသွားတာ ၁လ ပြည့်ခါနီးရောပေါ့
ယုန်ပေါက်ကလေးက သိပ်လျှင်ပီး အပုန်းလဲကောင်းလှသည်။ Jeongwoo ရှေ့တွင် အတန်းချိန်မှလွဲ၍ ပေါ်မလာ..အတန်းပီးတာနဲ့ အလင်းအလျှင်နဲ့ ပျောက်ပျောက်သွားတတ်သည် ။
အားအင်မဲ့စွာ ထိုင်ချရင်း အခန်းအတွင်း ငေးကြည့်မိသည် ။ ယောင်းငယ်လေး အရိပ်တွေဟာ အတွေးအာရုံထဲ လူးလားဆော့ကစားလျက်။ တရိပ်ရိပ် ရေးဆွဲမိသော သူ့ပုံရိပ်တွေဟာ ကြည်လင်ထင်ရှားလို့ေနသည်။
၃၃နှစ်ဆိုသော အသက်အရွယ်နှင့်အညီ ဘဝ ပြောင်းလဲမှုများစွာကြုံခဲ့ဖူးပါ၏ ။ သို့သော် ဘေးနားက ထိုလူသားလေးနေရာကတော့မပြောင်းလဲခဲ့ လစ်ဟာသွားသော နေရာငယ်က Jeongwoo ကိုအထိနာစေသည်။
ဒါဂယောင်းကိုလဲ လမ်းခွဲလိုက်ပီမို့ .. Jeongwoo နားမှာ မည်သူမျှ မရှိတော့။ တစ်နေ့ထက် တစ်နေ့ အလွမ်းတို့ပိုတိုးလာမိပေမဲ့ ထိုလူသားငယ်လေးထဲ ပြန်မသွားရဲ ..မကောင်းခဲ့သူက သူမဟုတ်ပါလား။
ပင်ပန်းနွယ်နယ်မှုတွေရဲ့ အဆုံးသတ်ညနေခင်းမှာ အရင်လို ခိုဝင်စရာ ရင်ခွင်ငယ်ေလးမရှိတော့မှ ထိုရင်ခွင်ငယ်လေး၏ တန်ဖိုးကို နာလည်မိပီထင်ပါရဲ့
သက်ပြင်းကိုဖြေညှင်းစွာ မှုတ်ထုတ်ရင်း ညစာကိုသာပြင်ဆင်မိသည်။စိတ်နဲ့လူနဲ့ မကပ်စွာပြင်ဆင်ပီးကြည့်မိတော့ နှစ်ယောက်စာ ..ကြက်သွန်မြိတ်ပါတဲ့ ပန်းကန်နဲ့ ကြက်သွန်မြိတ်မပါတဲ့ ပန်းကန်နှစ်ချပ်ဟာ စားပွဲပေါ်တွင် အသက်မဲ့စွာ..
အရသာပျောက်ဆုံးနေမည့် ညစာကို မစားတော့ပဲ ကျောင်းသားရေးရာက မော်ကွန်းထိန်းအကိုစီကိုသာ ဖုန်းဆက်လိုက်တော့သည်။
"အကို junmin ကျွန်တော့်ကို စတုတ္ထနှစ် physics က ကျောင်းသား Haruto ရဲ့ နေရပ်လိပ်စာလေးပို့ပေးပါ့လား"
YOU ARE READING
END = START
Fanfictionကျွန်တော်တို့ရဲ့ အဆုံးသတ်ကို လှလှလေးရေးဆွဲကြတာပေါ့ဗျာ JeongDo