အသက်တစ်မျှချစ်ရပါသော ကိုကို့ ကိုကျောခိုင်းကာ Haruto နဲ့ yoshi ကို လူရှင်းသည့် ပန်ခြံဘက်သို့ ဆွဲခေါ်လာလိုက်၏။ လျှံ့ဖိတ်ကျဆင်းချင်နေသည့် မျက်ရည်မိုးများကို အတင်းတားဆီးထားသဖြင့် အောက် နှုတ်ခမ်းဟာ တဆတ်ဆတ်တုန်ခါနေ၏။
"ငိုလိုက် .. ငါကွယ်ပေးထားမယ်" ပြောရင်း Doyoung ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည့် Haruto ပေါ်မှီကာ ငိုချမိ၏။ yoshi ကိုအားနာမိပေမဲ့ အသည်းပေါက်မတတ် ခံစားချက် တွေက ပြင်းထန်နေခြင်းကြောင့်သာ
"စိတ်ကြိုက်ငိုလိုက် Doyounga.. ruto ငါခန ရေဘူးသွားဝယ်လိုက်အုံးမယ် .. သူ့နားနေပေးလိုက်အုံးနော် "
"အင်း "အသက်ရှုတွေမှားသည်အထိ ငိုရှိုက်နေမိပီးမှ အနည်းငယ် ခံစားရ သက်သာသွား၏ ။ အနားရောက်နေနှင့်ပီးတဲ့ yoshi ဟု Doyoung ကို ရေဘူးဖွင့်ပီးသားလေးကမ်းပေးရင်းမျက်ရည်တွေကိုသုတ်ပေးပီး ဆံနွယ်တွေကို သပ်တင်ပေး၏။ ရေဘူးတစ်ဝက်လောက်အထိ မော့သောက်လိုက်ပီးတော့
"ငိုရတာ မောသွားပီလား?"
"အွန်း ဂိုမာဝေါ Yoshi ya .."
"သူစိမ်းတွေလားကျလို့ကွာ" ပြောရင်း ချောကလက်ကလေး ပါးစပ်နားတေ့ပေးသည်မို့ ယူစားလိုက်၏"ဘယ်လိုဖြစ်ကြတာလဲ ။ မင်းပြောပြချင်ရင် ငါတို့အသင့်ရှိနေတယ်နော်"
အကဲခတ်သည့်မျက်လုံးတွေနဲ့ ကြည့်နေသည့် သူငယ်ချင်းနှစ်ယောက်အား ခေါင်းငြိမ့်ပြရင်း လွန်ခဲ့သော ၇နှစ်စီသို့ ခေါ်ဆောင်သွားလိုက်၏
။
။
။
"Doyoungie"
"ဗျာ~~~"မေမေ့ကို အသံရှည်စွဲကာ ထူးလိုက်သည့် ၁၆နှစ်အရွယ် Kim Doyoung..
"ခေါင်းရင်းအိမ်ကို ဒီ ထီးလေး သွားပေးပေးပါအုံး.. မနေ့က မေမေ့ကို ငှားထားတာလေး"
"Nae!!"အန်တီပတ်တို့ လင်မယားက Doyoung အခင်ဆုံး အိမ်နီးချင်းတွေ ... လွန်ခဲ့တဲ့ ၄နှစ် Doyoung တို့ခေါင်းရင်းအိမ်ကိုပြောင်းလာကတည်းက အတော်ခင်ခဲ့တာပင်
နှစ်ယောက်တည်းနေတာမို့ တစ်ခါတစ်လေ အဖော်ရအောင် Doyoungကပါသွားနေပေးတတ်သည်
"အန်တီ ဘိုယောင်းရေ ... သားလာတယ် ..မေမေထီးလာပေးခိုင်းလိုက်တာ "
YOU ARE READING
END = START
Fanfictionကျွန်တော်တို့ရဲ့ အဆုံးသတ်ကို လှလှလေးရေးဆွဲကြတာပေါ့ဗျာ JeongDo