"အဲ့လိုဆိုတော့ မင်းတို့က ငယ်ချစ်တွေပေါ့"
"အင်း"
"အမြဲ မင်းအိမ်လိုက်လည်မရ professor နဲ့ တူတူနေတာမို့လား?"
"အင်း"
"Professor က မင်းအပေါ်မကောင်းဘူးလား ။ သူ့ကြည့်ရတာ လူကောင်းတစ်ယောက်ဖြစ်မဲ့ပုံပါပဲ"Yoshi စကားကိုကြားတော့ Doyoung ငြိမ်ကျသွားသည် ။
"သူလား...သူက လူကောင်းပါ ဒါပေမဲ့ လွယ်လွယ်ရခဲ့တော့ ဘယ်တန်ဖိုးထားမလဲ"
"သူနဲ့ ဘယ်လို ဆက်လုပ်မှာလဲ ? "လေထုကား အချိန်အတော်ကြာ ငြိမ်သက်သွား။ လေ၏ ဆော့ကစားမှုကြောင့် လွတ်လပ်စွာ လွင့်သွားသည့် yoshi ရဲ့ အနီရောင် ဆံစလေးတွေကိုသာ ငေးကြည့်နေမိသည်
"မင်းအတွက် Toxic ဖြစ်နေရင် ရုန်းထွက်တာပိုကောင်းမယ်နော် Doyoung "
"ငါရုန်းထွက်ချင်တာပေါ့ ruto ရာ.. ဒါပေမဲ့ ငါကိုယ်တိုင်ကိုက သူ့စီမှာ ခြေချုပ်မိနေတာ"တစ်ဖန် လေထုက တိတ်ဆိတ်သွားပြန်သည်။ ဆာကူရာ ပွင့်ဖက်ကလေးတွေကလဲ Doyoung ပုခုံးပေါ်ကြွေကျလာ၏။ Doyoung နဲ့အကို့ရဲ့ ချစ်ခြင်းကလဲ ဒီဆာကူရာတွေလို ကြွေလွင့်ရတော့မှာလား။ တစ်နှစ်ပတ်လုံး နှင်းရည်သောက်ခဲ့ပေမဲ့ အချိန်တန်တော့ အလွယ်တကူ ကြွေလွင့်ရတဲ့ ဆာကူရာတွေလိုပဲ နှစ်ကြာရှည်တဲ့ ချစ်ခြင်းတွလဲ အလွယ်တကူ ကြွေလွင့်ရတော့မည်
"ဒါပေမဲ့ ...ငါ ...လမ်းခွဲလိုက်တော့မယ်... ငါဆက်ပီး သည်းမခံနိုင်တော့ဘူး"
ခေါင်းထဲ တရိပ်ရပ်ပေါ်လာသော မနေ့က ထိုအမျုးသမီးနဲ့အကို့ ပုံရိပ်တွေ။
Doyoungကိုတောင် ကောင်းကောင်းပေးဖူးပါသော အပြုံးတွေကို ထိုအမျိုးသမီးတွေကို ပေါပေါသီသီ စွန့်ကြဲနေ၏။ Doyoung အတွက် အအေးဖောက်ပေးဖို့တောင် ငြင်းဆန်တတ်တဲ့အကို ထို အမျိုးသမီးကိုတော့ ကိတ်မုန့်တွေ ခွန့်ကျွေးနေ၏။ လမ်းသွားတိုင်း အကို့လက်ကို ဆွဲကိုင်ချင်ပေမဲ့ ပုတ်သာချခဲ့တဲ့အကိုက ထို အမျိုးသမီးလက်ကိုတော့ ရတနာ တစ်ပါးနှယ် တယုတယ ဆုပ်ကိုင်နေ၏။
Doyoungနဲ့ရှိနေချိန်တိုင်း ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်နေတတ်တဲ့အကိုက ထို အမျိုးသမီးမျက်ဝန်းတွေကိုေတာ့အနုပညာလက်ရာတစ်ခုအလား မျက်တောင် မခတ်ငေးကြည့်နေ၏။ Doyoung အပိုင်ဟူသော လက်အစုံကိုလဲ ထိုအမျိုးသမီးက ပိုင်နိုင်စွာဆုပ်ကိုင်ထား၏။ Doyoung အခါပေါင်းများစွာ မှီခိုဖူးပါသော ပုခုံးကျယ်တွင်လဲ တိုအမျိုးသမီးက ချွဲနွဲ့စွာ မှီခိုနေ၏။ Doyoung ခိုဝင်ဖူးပါသောရင်ခွင်ကျယ်တွင်လဲ ထိုအမျိုးသမီး သေချာပေါက်ခိုဝင်ဖူးပေလိမ့်မယ်
YOU ARE READING
END = START
Fanfictionကျွန်တော်တို့ရဲ့ အဆုံးသတ်ကို လှလှလေးရေးဆွဲကြတာပေါ့ဗျာ JeongDo