part (7)

4K 182 5
                                    

ကျတော့်အတွက်တော့ သူသည်(BL)
အပိုင်း(၇)
"ကျတော်.... ကျတော် ဘာမှ မတွေးပါဘူး ဦး"
ခေါင်းကို ငုံ့ကာ ငြင်းဆိုနေသောကြောင့် ကျတော် ရယ်ချင်သွားသည်။
တခုခုကို တွေးနေလို့သာ စားပွဲဝိုင်းမှာ ထိုင်နေသော ကျတော့်ကို သူ့နောက်ကျောလေးနှင့် ဝင်တိုက်မိတာပေါ့။
ဒါပေမယ့် ခေါင်းကို ငုံ့ထားတာလည်း ခုထိ ပြန်မမော့ လာတော့ဘူးလေ။
အေးလေ လူငယ်လေးဆိုတော့ အချစ်ရေး၊အချစ်ရာ တွေ တွေးရင်လည်း တွေးနေမှာပေါ့၊ဆွေးချင်လည်း ဆွေးနေမှာပေါ့ဟု စဉ်းစားကာ ဆက်မမေးတော့ ရန်ဆုံးဖြတ်လိုက်သည်။

"အေးလေ ဘာမှ မတွေးဘူး ဆိုတော့လည်း ထား လိုက်ပါတော့
အား.....ကျွတ် ကျွတ် ကျွတ်"

ကျတော့်ထံမှ ညည်းညူသံ ထွက်လာသောအခါ ခေါင်းငုံ့ထားရာမှ ဖျတ်ကနဲမော့ကြည့်သည်။

"ဆေးရုံသွားရမယ် ဦး"

ပါးစပ်က ပြောလည်းပြော လက်ကလည်း ဖျတ်ကနဲ ကောက်ကာ ပွေ့ချီလိုက်တာမို့ ကျတော်လည်း လန့်သွားရသည်။

"အီး ဝါး ဝါး ဝါး"

ကျတော် ဆေးရုံကို သွားရမည်ဆို ၍ ၊ဆေးရုံကို သွားရမည် ထင်သွားသော သားသားဒီဒီက ရုတ်တရက် ထပြီး ငိုတော့သည်။

"နေပါဦး၊နေပါဦး ဘုန်းပြည့်ထည်ရဲ့။
ဦး ဘာမှ မဖြစ်ပါဘူး။ရုတ်တရက် ထလိုက်တာကြောင့်  နာသွားတာပါ။ဒဏ်တော့ ဖြစ်သွားတာပေါ့ကွာ"

ကျတော် တားလိုက်တာကြောင့် ဘုန်းပြည့်ထည်က ကျတော့်ကို အိပ်ရာပေါ်သို့ ပြန်ချသည်။

"ဘာမှ မဖြစ်တာ သေချာတယ်နော် ဦး"

"သေချာပါတယ်ကွ ဒီမှာကြည့် ဟော ထတောင် ထနိုင်သွားပြီ။အား ကျွတ် ကျွတ် ကျွတ် ဒဏ်တော့ ဖြစ်သွားတာပေါ့ကွာ"

"ကျတော် တောင်းပန်ပါတယ် ဦး နောက်ကို မဖြစ်စေရတော့ပါဘူး"

"အေးကွာ
သတိထားတာ အကောင်းဆုံးပေါ့ ။
ဦးလည်း အသက်ကြီးပြီ။ဒီဒီကလည်း ငယ်လွန်းတယ် ဒီတော့
မင်း သတိထား မှ ဖြစ်မယ်"

"ဟုတ်ကဲ့ပါ ဦး ဟုတ်ကဲ့ပါ။အခု ဦးကို ဒဏ်ကြေလိမ်းဆေး လိမ်းပေးမှ ဖြစ်မှပေါ့"

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now