ကျတော့်အတွက်တော့ သူသည်။
အပိုင်း(၂၇)
အာရုဏ်တက် အချိန်ကတည်းက တယောက်တည်း သောက်နေပြီး မနက်လင်းစပြုတဲ့ အချိန်မှာပဲ ကျတော် ခြံထဲမှာထွက်ပြီး ထိုင်ကာ ငိုင်နေမိသည်။အိမ်အပြင်ဘက် ခြံထဲကနေပြီး ဘုန်းပြည့်ထည် မနက်စာ ပြင်နေတာကိုလည်း အရိပ်အယောင် လှမ်းမြင်နေရသလို၊ဘုန်းပြည့်ထည် ကြမ်းတိုက်နေတာ၊ဖုန်စုပ်နေတာ၊ဖုန်သုတ်နေတာတွေကိုလည်း လှမ်းမြင်နေရသည်။
ဒီနေ့က မူကြိုကျောင်း ဖွင့်ရက်ဆိုပေမယ့် ညအချိန်မတော်ကြီးမှာ ဆေးခန်းပြေးပြထားရသည့် ကလေးတယောက်ကိုလည်း ကျောင်းကို မလွှတ်ရက်ပေ။
အိပ်ပါစေ ဆိုပြီး ဒီဒီကိုလည်း မနှိုးပဲ လွှတ်ပေးထားလိုက်သည်။ကျတော် မှ မနက်စာ မစားသေးရင် ဘုန်းပြည့်ထည်လည်း စားမှာ မဟုတ်ဘူးဆိုတာကို သိပေမယ့် ကျတော့် စိတ်တွေကို ကျတော့်ဘာသာ ဖြေသာဖို့ အချိန်ပေးရအုံးမည် ဖြစ်သည်။ထို့ကြောင့် မနက်စာလည်း မစားဖြစ်သေးပေ။
ဘုန်းပြည့်ထည်ကတော့ အဝတ်တွေ လျှော်ဖို့ ပြင်နေတာကို လှမ်းမြင်နေရသည်။ချစ်စဖွယ် မျက်နှာ ဝင်းဝင်းလေးက တစွန်းတစလေး လှမ်းမြင်နေရရုံနှင့်ပင် လူချော၊လူသန့်လေးမှန်း သိသာသည်။မြင်လိုက်တိုင်း မြင်လိုက်တိုင်း မှာ ကျတော့်ရင်ကို အေးမြနေစေသည်။
ဒါဖြင့် မခေါ်မပြောနှင့် ရုပ်တည်ကြီးလုပ်ကာ ခြံထဲမှာ တယောက်တည်း လာထိုင်နေရလား ?လို့ မေးရင်ဖြင့် စိတ်က ဖြေမပြေနိုင်ဖြစ်ရသည်။
ကျတော်ကလည်းမမေးဖူးပေမယ့်
ပြောမပြခဲ့ရကောင်းလား ဆိုပြီး ဒေါသဖြစ်ရသည်။
ကျတော်မဟုတ်သည့် တခြားမိန်းကလေးတွေနှင့် ပလူးပလဲ နေခဲ့မှာပေါ့ ဆိုသည့် မနာလို အူတိုသည့် စိတ်ဖြင့် စိတ်ကောက်နေမိတာက တမျိုး။
အနာဂတ်မှာ ကျတော့်ကို ထားခဲ့နိုင်သလား ဆိုသည့် ကြောက်ရွံ့စိတ်က တသွယ် ခံစားချက်အမျိုးမျိုးဖြင့် မကြည်မလင်ဖြစ်ရသည်။တွေးရင်း တွေးရင်း
အဆိုးဆုံးထိ တွေးလိုက်ပြီးမှ
ကဲ ဒါဆို ဘုန်းပြည့်ထည်ကို ဘဝထဲက ထုတ်လိုက်နိုင်လား လို့ ကိုယ့်ကိုယ်ကိုယ် မေးမိသည်။
ဟင့်အင်း ဘုန်းပြည့်ထည် မပါတဲ့ ဘဝဆိုတာမျိုးကို စိတ်တောင် မကူးဖူးဘူး။စိတ်ကူးနဲ့ တောင် မဝေးရဲဘူး။
YOU ARE READING
ကျွန်တော့်အတွက်တော့...သူသည်(Completed)
Roman d'amourကျတော့်အတွက်တော့ သူသည် ကျတော့်အတွက်တော့ သူသည် ပုံပြင်လေးဆိုလည်း ဟုတ်သည်။ပန်းပွင့်လေးဆိုလည်း ဟုတ်သည်။ရုတ်တရက် ကျတော့်ဘဝထဲကို ကြွေကျလာသည့် ကြယ်လေး တပွင့်လည်း ဖြစ်နေပြန်ပါသည်။ ဦးမိုးဆွေတေး(သားသားလေး၏အဖေ) သူ့အတွက် ကျတော်က ရုတ်တရက်ကြွေကျလာသည့် ကြယ်နတ်သား...