part (26)

3.1K 131 6
                                    

ကျတော့်အတွက်တော့..သူသည်
အပိုင်း(၂၆)
အိပ်ပျော်နေရာကနေ ဒီဒီ့အခန်းဆီက ငိုသံကြောင့် ထထိုင်လိုက်မိသည်။နံရံကို စမ်းကာ မီးခလုတ်ကို ဖွင့်လိုက်ပေမယ့် ဦးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ပွဲသေးသေးလေးပေမယ့် ပင်ပန်းသည်လေ လို့ တွေးကာ ဒီဒီ့ အခန်းဆီသို့ ထွက်လာခဲ့လေသည်။

လျှောက်လမ်း၏ နံရံကိုပါ စမ်းကာ မီးဖွင့်လိုက်သည်။လင်းထိန်သွားသော လျှောက်လမ်း ၌ ပန်းချီကား ချပ် နှစ်ချပ်ကို တဖက်တချပ်စီ ချိတ်ဆွဲထားသေးသည်။အမှန်ဆို ဧည့်ခန်းမှာ ချိတ်မှ ပိုပြီး သင့်တော် မယ့် လို့ ကျတော်ကတော့ တွေးမိသည်။

ဒီဒီ့အခန်း၏ မီးခလုတ်ကို အလွတ်ရနေတာမို့ စမ်းကာ ဖွင့်လိုက်တော့ အိပ်ရာပေါ်၌ ငိုမဲ့မဲ့လေး ထိုင်နေသော ဒီဒီ့ကို မြင်ရလေသည်။

"ဒီဒီ ဘာဖြစ်လို့ လဲဟင်"

"ဟို အီအီး ပါချင်လို့ ကိုကို"

"လာလာ ကိုကို တည်ပေးမယ်။"

ဒီဒီ့ကို ပွေ့ချီကာ ကလေးထိုင်သည့် ဘိုထိုင်အိမ်သာ အသေးလေးပေါ်သို့ တင်ပေးလိုက်သည်။

ကျတော် ဒီဒီ့ ကုတင်လေးပေါ်မှာ ထိုင်ကာ သန့်ရှင်းရေး လုပ်ပေးဖို့ စောင့်နေပေးလိုက်သည်။

ဒီဒီက ဝမ်းကောင်းဟန်မတူ အကြာကြီး ထိုင်နေပြီး မျက်နှာကလည်း မအီမလည်ကြီး ဖြစ်နေသည်။
ကျတော်လည်း မသင်္ကာတာကြောင့် ဒီဒီ့ဝမ်းတွေကို ကြည့်လိုက်တော့ အရည်တွေ သွားနေတာ ဖြစ်နေသည်။

"ဒီဒီ ဗိုက်ကရော နာ‌ေနလား"

ကလေးဆိုတော့ ရစ်နေတာတွေ၊ဘာညာ မပြောတတ်သေးဘူးထင်တာကြောင့် နာလား လို့သာ မေးလိုက်မိသည်။

"နာတယ် ကိုကို ဒီနားက နာနေတာ"

ပွဲမှာကျွေးသည့် နတ်သုဒ္ဓါကြောင့်လား?
ကြက်သားဟင်းကြောင့်လား?
ချဉ်‌ရည်ဟင်း ကြောင့်လား?
အိမ်မှာ ဖျော်ထားသည့် ပန်းသီးဖျော်ရည်ကြောင့်တော့ ဟုတ်ဟန် မတူချေ။
ဒါမှ မဟုတ် ကလေးကကိုက အပြင်စာနှင့် မတည်တာလား ဆိုတာတွေကို ခပ်မြန်မြန်လေး စဉ်းစားနေလိုက်မိလေသည်။

ကျွန်တော့်အတွက်တော့...သူသည်(Completed)Where stories live. Discover now