ကျတော့်အတွက်တော့..သူသည်(BL)
အပိုင်း(၈)
မနက်ခင်းစောစော လေပြေလေးရဲ့ အထိအတွေ့တွေနှင့် လမ်းလျှောက်လာရတာမို့ ကျတော့်စိတ်ကလေးက လန်းဆန်းနေသည်။
ခြံတံခါးသော့ကို ဖွင့်လိုက်သည်။သိပ်မကြာသေးခင်ကမှ ဦးမိုးဆွေတေးက ကျတော့်ကို ခြံတံခါးသော့ရော အိမ်တံခါး၏ လျို့ဝှက်နံပါတ်ကိုရော ပေးထားသည်ေလ။
ကျတော်ရောက်လာသည့် အချိန် ဦးက အစောကြီး တံခါးထဖွင့်ပေးစရာ မလိုတော့တာပေါ့။
ခြံထဲက ပန်းကလေးတွေ၏ အဆင်းကိုမြင်ရသလို၊ရနံ့ကိုလည်း ခံစားရသည်။ခဏရပ်လိုက်ပြီး အားရပါးရ ရှုရှိုက်ပစ်လိုက်မိသည်။ကြည်နူးရတဲ့ မနက်ခင်းလေးပါပဲ။တိုက်ခန်းတံခါးဝလေးကို ကြည့်ကာ ဒီအထဲမှာ ကျတော်ချစ်ရသည့် ဦး ရှိသည် ဆိုသည့် အသိက ရင်ထဲကို ပိုပြီး နွေးထွေးလာစေခဲ့သည်။
ကျတော့်ကို အလိုလို ပြုံးစေခဲ့သည်။
လျှို့ ဝှက်နံပါတ်တွေကို ရိုက်ထည့်လိုက်တော့ တံခါးက ပွင့်သွားသည်။
တံခါးချပ်ကလေးကို ဖျတ်ကနဲ ဖွင့်လိုက်တယ် ဆိုရင်ပဲ အိပ်ချင်မူးတူး ပုံစံလေးနှင့် မတ်တပ်ရပ်ကာ ဝါးသမ်းနေသော ဒီဒီ့ကို မြင်လိုက်ရသည်။"ဟင် ဒီဒီ ၊ဒီဒီ နိုးနေတာလား?"
"ဝါး .........
ဟုတ်တယ် ကိုကို ၊ဖေဖေ မနိူးသေးလို့ ကိုကို့ကို စောင့်နေတာ"ကျတော် ဒီဒီ့ကို ကြည့်ကာ သဘောကျမိသည်။ဒီဒီက အသားအရောင်ကျ ဦးနှင့်မတူချေ ဖြူဖြူဥဥလေး ဖြစ်လို့နေသည်။သို့သော် မျက်နှာကျပုံ၊မျက်လုံး၊မျက်ခုံး၊နှုတ်ခမ်းလေးတွေကျ ဦးနှင့် တပုံစံတည်း တူနေပြန်ပါသည်။
ပြီးတော့ လူလည်လေးပင်၊
သူ့ဖေဖေမနိုးသေးပဲ သူအရင်နိုးနေသောအခါ ကျတော့်ကို တံခါးဝလေးမှာ ရပ်ပြီး မျှော်နေတတ်လေပြီ။ကျတော် လည်း သဘောကျတာမို့ ရေလည်း မချိုးရသေးသော ဒီဒီ့ကို ပွေ့ချီကာ မီးဖိုခန်းထဲထိ ခေါ်လာခဲ့တော့သည်။
မီးဖိုခန်းထဲက ခုံပေါ်၌ ထိုင်ခိုင်းလိုက်ပြီး ကျတော်ကတော့ မနက်စာ ပြင်ဖို့ ပေါင်မုန့်တွေကို ကင်နေလိုက်သည်။"ကိုကို"
သူ့ကို ထိုင်ခိုင်းထားသော ခုံပေါ်မှာ မထိုင်ဘဲနှင့် ကျတော့် အနားသို့ကပ်ကာကျတော့် ပေါင်တွေကို ဖက်လိုက်ပြီး စကားပြောလိုဟန်ရှိသည်။
YOU ARE READING
ကျွန်တော့်အတွက်တော့...သူသည်(Completed)
Romanceကျတော့်အတွက်တော့ သူသည် ကျတော့်အတွက်တော့ သူသည် ပုံပြင်လေးဆိုလည်း ဟုတ်သည်။ပန်းပွင့်လေးဆိုလည်း ဟုတ်သည်။ရုတ်တရက် ကျတော့်ဘဝထဲကို ကြွေကျလာသည့် ကြယ်လေး တပွင့်လည်း ဖြစ်နေပြန်ပါသည်။ ဦးမိုးဆွေတေး(သားသားလေး၏အဖေ) သူ့အတွက် ကျတော်က ရုတ်တရက်ကြွေကျလာသည့် ကြယ်နတ်သား...