3

578 125 36
                                    

သဲအိတ်ကြီးကိုဖက်ပြီး ပါးများမို့တတ်အောင်ထိပြုံးနေတဲ့ JungKook ပုံကိုကြည့်၍ ဂါးမီမေးလိုက်သည် ။

" အဲ့ဒါကဘာဖြစ်နေတာလဲ သဲအိတ်နဲ့မေတ္တာမျှနေတာလား "

" စဉ်းစားနေတာ "

" ထူးထူးဆန်းဆန်းပါလား ဂျေ နင်ဟိုတစ်နေ့ကတည်းကမူမမှန်တာနော် အခုဘာတွေစဉ်းစားနေတာလဲ "

" နင်ဘာမှမသိပါဘူး.. "

" မသိလို့မေးနေတာ "

" မမေးနဲ့မပြောပြဘူး "

" ငါမှန်းကြည့်မယ် ငါတို့ကိုစခန်းမှာတုန်းကဆရာကြီးလုပ်သွားတဲ့
ခပ်ချောချောအမျိုးသားအကြောင်း မလား
ဟုတ်တယ်မလား ဂျေ ဟဟ "

ဂါးမီ စကားလည်းဆုံးရော ဂျောင်ကု သူ့မျက်ဝန်းတွေကိုမှေးကာ ဖက်ထားတဲ့သဲအိတ်ကိုဂါးမီမျက်နှာစီလွှဲ လိုက်သည် ။ သဲအိတ်နှင့်ဂါးမီမျက်နှာမိတ်ဆက်သွားပြီးရှုံ့မဲ့သွားသည် ။
သနားစရာမကောင်းပါဘူး သူက ဆော့ဂျင်ကိုနှာဘူးကျပြီးချောတယ်လို့ပြောတာကိုး ။

" အမျိုးသားဆိုရပြီ ချောတယ်ကဘယ်ကပါလာရတာလဲ "

" ချောလို့ချောတယ်ပြောတာကို ငါကရုပ်ဆိုးကြီးလို့ပြောရမှာလား လာဂျေဝင်နေသေးတယ် "

" ဘယ်သူက ဂျေဝင်လို့လဲ အာရုံလာမစားနဲ့! "

JungKookစိတ်တိုကာ ခြေထောက်ဆောင့်၍ ဆရာနဲ့လေ့ကျင့်ဖို့ထွက်သွားသည် ။ အခုမှ ရောက်လာတဲ့ ဂျိုးလည်းနှာခေါင်းနာသွားတဲ့ဂါးမီကိုထားခဲ့ပြီး ဂျောင်ကုနောက်သို့လိုက်သွား
လေသည် ။

" ဂျေ မင်းဒဏ်ငွေဆောင်လိုက်ရတာဆိုတော့ ညစာငါဝယ်ကျွေးမယ် "

" ဂျေအတွက်အဲ့လောက်ကစာမဖွဲ့ပါဘူး "

သုံးယောက်သား Boxing ထိုးပြီးအပြန် တစ်ခုခုစားသောက်ဖို့ နီးရာစားသောက်ဆိုင်သို့ထွက်လာကြသည် ။ ဂါးမီကတော့ စားသောက်ဆိုင်ရောက်တဲ့အထိတစ်လုံးလမ်းလုံး ဖုန်းကိုသာသဲသဲမဲမဲ
ကြည့်နေသည် ။

စားသောက်ဆိုင်တွင် ထိုင်ရုံရှိသေး ဂါးမီသည် အသံပြဲကြီးဖြင့်ထအော်ပြီး လက်ထဲကဖုန်းကို ဂျောင်ကုစီထိုးပေးတော့သည်။

🍂 ROSE 🌹🍂Where stories live. Discover now