" ဂျေ အပူသည်လိုဖုန်းကြည့်ပြီးမှိုင်မနေနဲ့ စားစရာရှိတာလာစား "
" ဟင့်အင်း "
" ဂျေ ငါမင်းအကြိုက်နို့ဘူးဝယ်လာတယ် လာသောက် "
" ဟင့်အင်း "
အစားကြိုက်လေးက ဟင့်အင်းတစ်လုံးတည်းပြောပြီး သူ့နားတစ်ဝဲလည်လာတဲ့အစားသောက်တွေကိုမျက်ကွယ်ပြုနေသည် ။ ဂျေ စိတ်အခြေနေမကောင်းရင် နို့ဘူးလက်ထဲထည့်ပေးထားလိုက်တာနဲ့အဆင်ပြေသွားတတ်သည် ။ အခုတော့ မရဘူး ။
" ဘာဖြစ်နေတာလဲ နင့်လူနဲ့အဆင်မပြေဘူးလား ဟိုညကတော့ ဆိုင်ကယ်နဲ့ လွင့်နေကြပြီး "
" ဂျေ ငါတို့ကူညီတာအဆင်မပြေလို့လား "
" မဟုတ်ဘူး "
" စကားကို သေချာ ပြောစမ်းပါ "
ဂျောင်ကု ဖုန်းကိုပစ်ချလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည် ။
" ကင်ဆော့ဂျင်က အဲ့နေ့ပြီးတည်းက ငါ့ကိုပလစ်ထားတာဖုန်းတွေလည်းမကိုင်ဘူး မက်ဆေ့တွေကိုပြန်ဖို့နေနေသာသာ ဝင်တောင်မဖတ်ဘူး ငါ့ ရင်ဘတ်ထဲမှာဆူးတွေအပြည့် "
ရင်ဘတ်ကိုပုတ်ပြ၍ ခံစားပြနေသည် ။ ရုပ်ကရီစရာလေးဖြစ်နေတာကြောင့် အဟားခံလိုက်ရသည် ။
" သူမအားလို့လား ဒါမှမဟုတ် နင့်ကုကုရဲ့ မာယာထောင်ချောက်ဆိုတဲ့အစီအစဉ်ကပဲအလုပ်မဖြစ်တာလား "
" မသိတော့ပါဘူး ကင်ဆော့ဂျင်ငါ့ကိုချစ်နေရဲ့သားနဲ့ ဝန်မခံသေးဘူးစောင့်ရတာ ပင်ပန်းလာပြီ "
ဂျောင်ကု ပက်လက်လှန်အိပ်လိုက်ပြီး ဖုန်းကိုပြန်ကြည့်နေလိုက်သည် ။ မက်ဆေ့တွေကိုဝင်မကြည့်ဘူး ။
ဖုန်းခေါ်ထားတာတွေလည်းပြန်မဆက်ဘူး ။ ပို့ထားတဲ့စာတွေကို ဝင်မဖတ်နိုင်လောက်အောင်သူအလုပ်များနေတာလား ဒါမှမဟုတ် သူ့အမေကငါ့ကိုသဘောမကျလို့ မပတ်သတ်ခိုင်းတာထင်တယ် ။ ဟိုမိန်းမကြီး ဟန်နာ ငါ့အကြောင်းတွေ ဆော့ဂျင်အမေကိုပြောထားပုံရတယ် အဲ့ဒါကြောင့်ငါ့ပန်းကိုလက်မခံဘဲအမြင်စောင်းနေတာ အဖွားကြီး ဟန်နာ အတော်ဖျက်လို့ဖျက်စီးလုပ်တဲ့မိန်းမကြီး ။ သူ့သမီးကို ဆော့ဂျင်မယူဘဲ ငါ့နောက်ပါမှကြောက်နေမှန်းငါသိတယ် ။