" ဟဲလို အိမ်မှာဘယ်သူ့မှမရှိဘူး မေမေ ခရီးသွားနေတယ် အိမ်လာမလား ဂျောင်ကု "
" ဗျာ "
" အိမ်လာမလားလို့ "
" ညကြီးအချိန်မတော် သူများအိမ်မလာချင်ဘူး "
ဆော့ဂျင်ကိုစလိုက်ရသာကြောင့် အိပ်ချင်မူးတူးဖြစ်နေရင်း ဂျောင်ကုပြုံးလိုက်သည် ။
သိပ်မကြာလိုက် သူ့ပရောဂကြောင့် ထိလွယ်ရှလွယ်ဖြစ်နေတဲ့ဆော့ဂျင်မှာ စလို့စမှန်းမသိဘဲ တစ်မျိုးထင်ကာ ဖုန်းကို ချသွားတာကြောင့် မွေ့ယာပေါ်တွင် ခုန်ပေါက်ရင်း အသဲအသန်အော်နေတော့သည် ။
တီ ။" ဟဲလို ကင်ဆော့ဂျင် ကျတော်က စတာ စတာလို့ လာမယ် လာချင်တာ
တစ်ပိုင်းသေနေပါပြီဆိုဖုန်းချသွားပြီ စချင်အုန်း ဒီပါးစပ် "မကျေနပ်ဖြစ်၍ဂျောင်ကု သူ့ပါးစပ်သူ ရိုက်ပြီး တွေဝေမနေတော့ဘဲ အိပ်ယာပေါ်မှဆင်းကာ ညဝတ်အကျီဖြင့် ဟော်တယ်ထဲမှထွက်လာပြီး ဆိုင်ကယ်ဖြင့် ဆော့ဂျင်အိမ်သို့ တစ်ရှိန်ထိုး မောင်းနှင်လာခဲ့သည် ။
သိတယ် နားလည်တယ် ကင်ဆော့ဂျင်နဲ့ ပက်သတ်တာကြာလေလေ
ကင်ဆော့ဂျင်ကို ပိုနားလည်လာလေပဲ ။ ဆော့ဂျင်က ခန့်မှန်းလို့ရတယ် ရိုးရှင်းတယ် ဖြူစင်တယ်သန်မာတယ် ရင့်ကျက်တယ် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ် ။ အဲ့ဒါလေးတွေကိုသဘောကျနေရတာဆော့ဂျင်က ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တာမှန်ပေမယ့် ဒီတစ်ခါတော့ သူအစွမ်းကုန်
သဝန်တိုနေတာ ခန့်မှန်းလို့ရတယ် ကျတော်နားလည်ဆုံးလူက ကင်ဆော့ဂျင်ဘဲ။ စျေးဝယ်တဲ့အချိန်ဆုံတုန်းက သူထိန်းမရသိမ်းမရကိုဖြစ်နေခဲ့တာ
ချစ်စရာလေး ။ တကယ်တမ်း သူအထင်လွဲအောင် ဘတ်ဟန်ဆိုး နဲ့ ပရောပရည်လုပ်ပြဖို့အစီစဉ်မရှိခဲ့ပါဘူး
သူကျတော့်ကိုရှောင်ဖယ်နေလို့ တမင်လုပ်ပြခဲ့တာ သူ သဝန်တိုတတ်မယ်တောင်မထင်ခဲ့ဘူး ။ ကျတော့်စိတ်ထဲ သူမရှိတော့ဘူးထင်ပြီး အိမ်ခေါ်ပြီး ရေလာမြောင်းပေးတွေ လုပ်နေပြီ ကုကုရဲ့မာယာထောင်ချောက်ဘယ်လောက်တောင်အဆင်ပြေသလဲမမေးနဲ့ ကြွားပြောတာတော့မဟုတ်ဘူး ကင်ဆော့ဂျင် ကကျတော့်ကို အရူးမူး ချစ်နေတာဗျ ။