Sick @ Heart
Luhan~ Lu ရဲ့ဘ၀မှာ omma ကလွဲရင်တခြားအရေးကြီးတာဘာမှ မရှိပါဘူး appa ဆုံးသွားကတည်းက omma ကlu ကိုအရိပ်တကြည့်ကြည့်နဲ့ ပိုဂရုစိုက်ခဲ့တယ် lu omma က jewellery artist တစ်ယောက်ပါ omma က jewellery ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ် appa မရှိတော့ပေမယ့် lu တို့အခြေမပျက် နေနိုင်ခဲ့တယ်
Lu ကိုomma က seoul university တက်စေချင်တယ်သွက်သွက်လက်လက်ကောင်မလေးတစ်ယောက်ဖြစ်စေချင်တယ် lu ဆန္ဒကတော့ အေးအေးဆေးဆေးလေးပဲနေချင်တယ် omma ဆိုင်ကိုကူညီရင်းနဲ့ပေါ့ဒါပေမယ့် lu omma ဆန္ဒကိုမငြင်းရက်ခဲ့ဘူး omma ဆန္ဒကိုမငြင်းဘဲ Seoul University ကိုရွေးခဲ့တယ်
Lu ဘ၀မှာ အရင်းနှီးဆုံးလူဆိုလို့ omma ၇ယ် ငယ်ငယ်ကတည်းကပေါင်းလာခဲ့တဲ့ baek နဲ့ soo ပဲရှိတယ် omma ကသာ lu ကိုသွက်သွက်လက်လက်ဖြစ်နေစေချင်တာLuရဲ့စရိုက်ကတော့ သူစိမ်းတွေနဲ့ စကားပြောရတာကိုတောင်မကြိုက်သလို
အေးအေးဆေးဆေး တစ်ယောက် ထဲနေရတာကိုပဲကြိုက်တတ်တဲ့ပုံစံမျိုးပါ
Lu ဘ၀မှာ သူစိမ်းတွေနဲ့အဆက်အဆံ နည်းခဲ့ပေမယ့် ကြင်နာတတ်ပါတယ် lu ရဲ့အေးစက်စက်မျက်လုံးတွေကလွဲလို့ပေါ့ အရယ်အပြုံးနည်းတဲ့ lu မျက်နှာက
တည်ငြိမ်နေသလို အထီးကျန်နေတဲ့ အရိပ်အယောင်တွေနဲ့လည်းဖြစ်နေတတ်
တယ်တဲ့အဲ့ဒါကြောင့်လည်း မရင်းနှီးတဲ့သူတွေကကင်ပွန်းတပ်ထားကြပါတယ်
''မာနရှင်ရေခဲတုံးလေးတဲ့´´
Lu Seoul University မှာ တက်တာ တစ်နှစ်ဆိုတဲ့ကာလကျော်လွန်သွားပါပြီ မနှစ်ကလိုပဲ ဒီစာသင်နှစ်ကိုလည်း အေးအေးဆေးဆေးပဲ ကျော်ဖြတ်ချင်ပါတယ် lu ကို baek နဲ့ soo ကအမြဲအားမရဘူးတဲ့ lu ကသွေးအေးလွန်းလို့လေဒါပေမယ့် luhanဆိုတဲ့သူမကတော့ ဒီလိုပုံစံမျိုးကိုပဲ နှစ်သက်တတ်တဲ့သူတစ်ယောက်ပါ
အရင်လိုပဲ lu soo နဲ့ baek နဲ့အတူတူ အတန်းမရှိတော့လို့ canteen မှာထိုင် ပြီးစကားပြောနေခဲ့တယ် စကားပြောတယ် ဆိုတာလည်း baek နဲ့ soo နှစ်ယောက်ပါ luကတော့သူတို့နှစ်ယောက်ပြောတာကိုနားထောင်ရင်းနဲ့သာငေးနေမိတယ်