𝙿𝚊𝚛𝚝-4

31 8 0
                                    

Unicode

Jk:Jin Hyung...

အလန့်တကြား လှမ်းခေါ်လိုက်သော Jungkook ဆီသို့
Seokjin ပြေးလာကာ
အလျင်အမြန် လှမ်းဖက်လိုက်သည်။

Jin:တော်သေးတာပေါ့
ငါ့ညီလေး ဘာမှမဖြစ်လို့
Hyung မှာ စိတ်ပူလိုက်ရတာ
အဆင်ပြေတယ်မလား Jungkook ya...

Jk:Nae..Hyung
ကျွန်တော်အဆင်ပြေပါတယ်
ဒီတိုင်း ယုန်လေးတစ်ကောင်ကို
လိုက်ဖမ်းရင်း တောထဲရောက်လာပြီး....

Jin:အေး....‌ တော်ပြီ တော်ပြီ
Hyung ရောက်လာပြီ
Jungkook မကြောက်နဲ့တော့နော်

Jungkook မှာ
သူ့Jin Hyung
ပိုပြီးစိတ်ပူနေမှာ စိုး၍
လိမ်ပြီးပြောလိုက်ခြင်းပင်....

သို့သော် စကားဆုံးအောင်ပြောခွင့်မပေးဘဲ ပြောချင်ရာတွေ စွတ်ပြောနေသော
Jin Hyung ကြောင့်
Jungkook တော်တော်လေး
ငိုချင်သွားသည်။

Jk:nae...Hyung....

Jin: အမလေး ငါ့ကလေးလေး
ငိုများငိုနေခဲ့လားမသိဘူး
မျက်နှာလေးတောင်
တော်တော်ချောင်ကျသွားတာပဲ...
အခု Hyung ရောက်လာပြီမို့လို့
ငါ့ကလေးလေးကို ဒီတောနက်ကြီးထဲကနေ ကယ်တင်သွားမယ်..

Jk:ဗျာ...

တောနက်ကြီးထဲကနေ
ကယ်တင်သွားတော့မယ်ဆိုသော
စကားက Jungkook နားထဲကို
မိုးကြိုးပြစ်ချ လိုက်သလိုပင်။

Jungkook အလွန်ပင် ဝမ်းနည်းရသွားသည် သူ Taehyungနှင့် မခွဲချင်ပါ..

သို့သော် သူ့ကိုယ်သူ Hero လုပ်ချင်နေသော အကိုတော် Jinက...

Jin:လာ..လာ ငါ့ညီလေးကို Hyung ကပွေ့သွားမှာ..

ဟု ပြောကာ ဟန်ပန်အပြည့်နှင့်
Jungkook ကို ကောက်ပွေ့လိုက်သည်။
စိတ်မကောင်းစွာပင် မ မနိုင်ပဲ Jungkook ပြန်ပြုတ်ကျသွားသည်။

Jin's pov: ဟ ဒီကောင့်ကိုယ်က တော်တော်လေးတာပဲ ငါ မ မနိုင်ဘူး..မဖြစ်ဘူး မဖြစ်ဘူး ငါ့ image တော့အကျခံလို့ မဖြစ်ဘူး မဖြစ်ဖြစ်တဲ့နည်းနဲ့ မ သွားရမယ်

ထိုသို့ တွဲကာ Jungkook ရဲ့ ချိုင်းကနေ ဆွဲမကာ ခေါ်သွားတော့ Jungkook ခမျာ တရွတ်တိုက်ပါသွားရှာသည်။

ထိုပုံရိပ်တွေကို သစ်ပင် ချုံကြားတွေထဲမှ ချောင်းကြည့်နေသော
Taehyung တစ်ယောက် ရယ်ရမလို
ငိုရမလို ပင်ဖြစ်နေသည်။

🝮︎︎︎︎︎︎︎𝑭𝒐𝒓𝒆𝒔𝒕 𝑺𝒕𝒐𝒓𝒚🝮︎︎︎︎︎︎︎Where stories live. Discover now