𝙿𝚊𝚛𝚝-5

27 5 0
                                    

Unicode:

Jungkook တစ်ယောက် Seoul ကိုပြန်ရောက်တာ တစ်ပတ်ပင် ပြည့်တော့မည် ဖြစ်သည်။ လူတွေ စည်ကားကာ ပျော်စရာ‌အရမ်းကောင်းသည့် Seoul မြို့လေးမှာ သူ့အတွက်တော့ ပျော်စရာကောင်းမနေ။
Forest ထဲမှာ တစ်ယောက်ထဲ ကျန်ရစ်ခဲ့ရတဲ့ Taehyung တစ်ယောက်ကို လွမ်းဆွတ်နေရသည်။

Jk's pov:Imm..ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင့်များလဲ ဘာကြောင့် ကိုယ်ချစ်တဲ့ သူနဲ့ မှ ကံတရားကြီးက ခွဲထားရက်ရတာလဲဗျာ..ဝဋ်ကြွေးတွေရှိလဲ ကျေပါတော့ ကျွန်တော် Tae ကိုအရမ်းလွမ်းလှပြီ

Seokjin တစ်ယောက် ခြံထဲက ဒန်းလေးပေါ်မှာထိုင်ပြီး မှိုင်ထွေနေတဲ့ သူ့ညီလေးကိုကြည့်ရင်း သက်ပြင်းတွေသာ စွတ်ချနေမိတော့သည်။

Forest ထဲမှာ ကျန်ခဲ့တဲ့ ချစ်ရသူလေးကို လွမ်းဆွတ်နေသည့် လူသားလေးတစ်ဦးရှိသလို။တစ်ဖက်တွင်လည်း သူ့နည်းတူစွာ လွမ်းဆွတ်နေသည့် ကောင်လေးတစ်ယောက်လဲရှိလေသည်။

Tae's pov:အခုက ငါတစ်ယောက်ထဲပြန်ဖြစ်သွားတာလား... Jungkookie သူဒီကို ထပ်လာဦးမှာလား..ဟမ် မဟုတ်သေးပါဘူး ငါက Jiminee ကို မျှော်နေရမှာမဟုတ်ဘူးလား ဘာလို့ Jungkookie ကိုမှလဲ...?

Jin:Yaa..Jeon Jungkook မင်းဘယ်လိုတွေဖြစ်နေတာလဲ..သွားပါပြီ ငါ့ပန်းအိုးလေးတော့ ကွဲပါပြီ..မင်း မနက်နိုးထဲက တခုပြီးတခုကို ဖျက်ဆီးနေတော့တာပဲ..မှန်မှန်ပြောစမ်း မင်းဘာတွေ ဖြစ်လာခဲ့တာလဲ ဟိုမှာ..

Seokjin တစ်ယောက် မနက် အိပ်ရာနိုးလာထဲက စိတ်နဲ့လူနဲ့ မကပ်ပဲ လုပ်သမျှ အကုန်လွဲနေတဲ့ သူ့ညီ Jungkook ကိုကြည့်ရင်း စိတ်တိုလာသဖြင့် ထိုသို့ မေးချလိုက်တော့သည်။ ထိုအခါ Jungkook က..

Jk: Jin Hyung ကျွန်တော် တောင်းပန်ပါတယ် တခါလောက်ပဲဖြစ်ဖြစ် ကျွန်တော့်ကို ပြန်သွားခွင့်ပေးပါ..

Forest ထဲပဲ ပြန်သွားဖို့ ခွင့်ပြုရန် ပြောနေသောကြောင့် Seokjin လဲ သူ့ညီလေး ဘာတွေနဲ့ကြုံတွေ့ခဲ့ရလဲ သိချင်၍...

Jin:ကောင်းပြီလေ..မင်းသာ ဖြစ်လာခဲ့သမျှ အကုန်ပြောပြမယ်ဆိုရင်ပေါ့...

Seokjin စကားကြောင့်Jungkook မျက်နှာလေးလဲ ပြန်လည် ရွှင်လန်း လာကာ.. တောထဲကို ပတ်ကြည့်ရင်း ပိုးထိပြီး မေ့သွားကြောင်း။ ထိုအချိန် နတ်သားလေး တစ်ပါးပမာ စိတ်နှလုံးသားလေးက အရမ်းဖြူစင်ပြီး ချောမောလွန်းတဲ့ Kim Tae Hyung ဆိုသူလေးက သူ့ကိုကယ်ခဲ့ကြောင်း။ သူကလဲ Taehyung ကို မေတ္တာ သက်ဝင်နေပြီ ဖြစ်ကြောင်း တစ်လုံးမကျန် အကုန် ပြောပြလိုက်လေတော့သည်။ ထိုအခါမှ Seokjin တစ်ယောက် ဖြစ်ကြောင်း ကုန်စင်ကို အကုန်နားလည်သွားပြီး...

🝮︎︎︎︎︎︎︎𝑭𝒐𝒓𝒆𝒔𝒕 𝑺𝒕𝒐𝒓𝒚🝮︎︎︎︎︎︎︎Where stories live. Discover now