အပိုင်း (၁၅)

4.7K 537 54
                                    

"မင်းဘယ်လိုလုပ် ရောက်လာတာလဲ.."

Jeonက သူ့တောင်ပံတွေကိုဖြန့်လိုက်ကာ ကျွန်တော့်ကို ဖက်ထားလျက် ကောင်းကင်ပေါ် ပျံတက်လိုက်ပြီး..

"တစ်ချက်ကြည့်လိုက်"

သူမေးငေါ့ပြရာကို မြေပြင်ကို လှမ်းကြည့်လိုက်တော့ မိမိတို့ အခြေစိုက်စခန်းကို ဝိုင်းထားသည့် ငရဲဘုံကစစ်သည်တော်တွေကို နတ်ဆိုးဘုံက စစ်သည်တော်တွေက တစ်ဖန် ပြန်ဝိုင်းထားသည်။ နတ်ဆိုးဘုံက စစ်ကူရောက်လာတာ..။

ကျွန်တော့်မှာ ပြုံးရမလိုလို ရယ်ရမလိုလို..။ ကိုယ့်မှာတော့ ဘယ်လောက်တောင် စိတ်ထိခိုက်လိုက်ရလဲ။ သူကတော့ ခပ်တည်တည် ပြုံးပြုံးကြီး..။ အမြင်ကပ်လွန်းလို့ သူ့ရင်အုပ်ကြီးကို သုံးချက်လောက် ရိုက်ပစ်လိုက်သည်။

"မင်းပြောတော့ မကူညီနိုင်ဘူးဆို"

"မင်းကို စ,ချင်လို့"

"သူများတိုက်ပွဲဖြစ်နေချိန်မှာတောင် စ,နောက်ချင်နေသေးတယ်..နတ်ဆိုးကောင်....မင်းကလေ"

ပြုံးပြီးကြည့်နေတဲ့ နတ်ဆိုးကောင်ကို ဆွဲဆတ်ပြီးရိုက်ပစ်ချင်စိတ်က ထိန်းမရသိမ်းမရ။ စိတ်ရှိလက်ရှိဆို တောင်ပံကိုချိုး အမွှေးနှုတ်ပြီး ကင်စားပစ်ချင်သည်။ ကူညီမယ်ဆိုတာကို မပြောဘဲ ကိုယ့်ကို သက်သက် စိတ်ဒုက္ခပေးသွားသေးတယ်။

"မင်းရဲ့လက်ဖမိုးပေါ်က အပူလောင်လို့နီနေတဲ့ဒဏ်ရာကို ကိုယ်လျစ်လျူရှူ့နိုင်ပါ့မလား "

"အာ...ဒါလား"

Jeonပြောမှ ကျွန်တော့် လက်နှစ်ဖက်လုံးကို ကြည့်မိတယ်။ သူကသာ လက်အပူလောင်ထားမှန်းသိတာ ကျွန်တော်က ဘယ်,လက်ကအပူလောင် ထားမှန်းတောင်မသိဘူး။

"ညာလက်မဟုတ်ဘူး..ဘယ်လက်"

"အော်..."

တကယ်ပဲ ကျွန်တော့်ဘယ်ဘက် လက်ဖမိုးက အပူလောင်ထားလို့ နီရဲနေသည်။ ကျွန်တော့်ကို အသေးစိတ်က အစ ဂရုစိုက်ပေးတာ သိရလို့ ကျွန်တော်ပီတီတွေက ဖုံးဖိမရတော့ဘဲ ပြုံးမိတယ်။

"မုန်းဖို့ကောင်းလိုက်တာ..ငါ့မှာသေသေရှင်ရှင်ဆိုပြီး အသက်စွန့်ပြီး တိုက်ခိုက်နေရတာကို မင်းက နောက်နိုင်သေးလား!"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now