အပိုင်း (၂)

5K 585 53
                                    

ဒီနေ့တော့ မင်ဗီရာ လူ့ပြည်သို့ သွားရမည်။ နတ်ဆိုးတွေ သောင်းကြမ်းနေတာကြောင့် လူတွေကြားထဲ သွေးစုပ်ဖုတ်ကောင်တွေ သွေးသောက်မကောင်းဆိုးဝါးတွေ ကမ္ဘာပေါ်ရောက်ရှိလာပြီဆို၍ သီတင်းတွေပျံ့ကုန်ကြသည်။ သွေးစုပ်ခံရတဲ့ လူသားတွေလည်း မနည်းတော့ဘူး။ ဒါကြောင့် ဒီနေ့ တစ်ယောက်ဆိုတစ်ယောက် နှစ်ယောက်ဆိုနှစ်ယောက် ရှင်းပစ်ဖို့ ထွက်လာခဲ့ခြင်းဖြစ်၏။

အမှန်ဆို ဒီတာဝန်ဟာ သူ၏တာဝန်မဟုတ်ချေ။သို့သော် တာဝန်ကျစစ်သည်တော်က နတ်ဆိုးတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတာကြောင့် ဒ‌ဏ်ရာရခဲ့သည်။ထို့ကြောင့် ထိုစစ်သည်တော် အစား သူလာခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးတွေဟာ မကောင်းဆိုးဝါးနဲ့ ဘာမှမခြားဘူး။ လူတွေရဲ့သွေးကို သောက်ပြီး လူတွေကိုထိခိုက်နာကျင်စေတယ်။အသက်သေဆုံးစေတယ်။

မင်ဗီရာထိုသို့တွေးရင်းနဲ့ လွန်ခဲ့သော ရက်က မိမိသွေးစုပ်ခံလိုက်ရတဲ့ အကြောင်း ပြန်စဉ်းစားမိရင်း ဒေါသထွက်လာလေသည်။ နတ်ဆိုးကောင် ကိုက်ထားတဲ့ သူ့ဂုတ်က ကိုက်ရာကိုပြန်ကိုင်ကြည့်ပြီး သူတဖြည်းဖြည်းပိုဒေါသထွက်လာသည်။

နတ်ဆိုးတွေထဲမှာ Jeon Orpheus ဆိုတဲ့ကောင်က အဆိုးဆုံးပင်။ ရုပ်ရည်လေးကသာ နတ်ဆိုးအားလုံးထက် သာနေတာ ဆိုးရွားချက်က မကောင်းဆိုးဝါးလိုမျိုး။ သူ့လို နတ်သားတစ်ပါးကိုတောင် သွေးစုပ်ခဲ့တယ်ဆိုတာ ဘယ်လိုတောင် လေးစားမှု့မရှိ အတင့်ရဲတဲ့ လုပ်ရပ်လဲ! Orpheus လို နတ်ဆိုးကောင်က လေးစားမှု့ဆိုတာ သိမှာတောင် မဟုတ်ဘူး။ နတ်ဆိုးလေ..အဆိုးရွားဆုံး နတ်ဆိုး!

နတ်ဆိုးလို့သာပြောတာ Orpheusဆိုတဲ့ကောင်က အတော်လေးရုပ်ရှိတာ! အရင်ဘဝက ကောင်းမှု့တွေ အများကြီးလုပ်ခဲ့တယ်ထင်ပါ့..ကိုယ်သင်းနံ့ကလည်း သင်းတယ်၊ အရပ်အမောင်းကလည်း ပြည့်စုံတယ်၊ စွမ်းအားလည်းကြီးတယ်၊ ရုပ်ရည်လည်းရှိတယ်။ တကယ့်ကို ပြည့်စုံတဲ့ကောင်ပဲ။

ထိုအချိန် ဂုတ်ပိုးကို လာထိတဲ့ နတ်ဆိုးကောင်ရဲ့ လျှာအထိအတွေ့ကြီး ပြန်သတိရမိတဲ့အခါ တစ်ကိုယ်လုံးကြက်သီးထသွားရသည်။ တစ်မျိုးကြီး!

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Onde histórias criam vida. Descubra agora