အပိုင်း (၂၂) Final

5.7K 569 277
                                    

ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသော ထိုမိန်းကလေး။ သူ၏အဝတ်အစားတို့က နူးညံ့သစ်လွင်သော ပိုးသားတို့မဟုတ်တော့ဘဲ ဝါညစ်ညစ်ချည်ကြမ်းသားဖြစ်နေသည်။ သူမ၏ မျက်နှာမှာဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ တစ်ကိုယ်လုံး ညစ်ပေလျက်။

"အား!!!"

သူမသည် ခံပြင်းမှု့တို့အား အာခေါင်ခြစ်ကာအော်ဟစ်လိုက်ရင်း စိတ်လိုလက်ရ မြေပြင်ကို အားဖြင့်ထုရိုက်၍ ဒေါသတို့ကို ‌မြေပြင်ကိုပုံချလေသည်။ အသည်းအသန်ပြေးလာပုံရတဲ့ သူမ၏ ခြေထောက်တွေက ပွန်းပဲ့နီရဲနေသည်။

သူမသည် အသက်ကိုဝဝရှူလိုက်ပြီး တစ်ချက်ပင့်သက်ရှိုက်လိုက်ကာ မတ်တပ်ပြန်ရပ်လိုက်သည်။ ‌ထို့နောက်ချောက်ကမ်းပါးအစွန်းဆီ တိုးကပ်သွားပြီး မျက်လုံးကိုမှိတ်ချလိုက်သည်။ စိတ်ပျက်စရာဘဝကြီးထဲ သူကြိုးစားရှက်သန်ချင်စိတ်တောင်မရှိတော့တာမို့ အဆုံးစီရင်ဖို့ကသာ နောက်ဆုံးလမ်းဖြစ်သည်။

ကမ်းပါးစွန်းပေါ်မှ ခုန်ချဖို့ရာခြေလှမ်းလိုက်ချိန်မှာပဲ သူမကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်။ ထိုသူက Orpheus...။

"မင်းဒီလို လွယ်လွယ်နဲ့အဆုံးစီရင်ဖို့ လူဖြစ်လာတာ မဟုတ်ဘူး"

သူက Orpheus လက်ထဲမှ ရုန်းလိုက်ပြီး လှောင်ရယ်သကဲ့သို့ ရယ်၏။

"ထပ်ပြီးတော့ လူကြီးမင်းပဲလား...။ လူကြီးမင်းနဲ့ကျွန်မက ရေစက်ပါတယ်ထင်တယ်။ မကြာခဏ တွေ့ဆုံနေရတာ တကယ့်ကို ဝမ်းသာစရာကောင်းပေမယ့် ကျွန်မတို့တွေ့ဆုံခဲ့ရပုံသာ ရိုးရှင်းပြီး လှပခဲ့ရင် ကျွန်မက လူကြီးမင်းကိုရွေးချယ်မိမှာ.."

Orpheus က နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်မကို ထပ်မတားပါနဲ့...လူကြီးမင်း ကိုယ်ချင်းစာပေးလို့မရတဲ့ နာကျင်စရာကိစ္စတွေကို ကျွန်မထပ်မခံစားနိုင်တော့ဘူး"

"မင်းဒီလိုလွယ်လွယ်နဲ့အရှူံမပေးသင့်ဘူး။ မင်းဆင်းရဲဒုက္ခတွေကိုတောင့်ခံရမယ်။ အဆုံးစီရင်လိုက်တာက ဒုက္ခတွေရဲ့ အဆုံးသတ်မဟုတ်ဘူး"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Donde viven las historias. Descúbrelo ahora