"အစ်ကိုဟီဆွန်း!"
"တစ်ကိုယ်လုံးလည်း စိုရွှဲလို့ ဆောင်းဟွန်းရယ်
ကိုယ်ပေးလိုက်တဲ့ထီးကရောဘယ်မှာလဲ""အစ်ကို့စေတနာကို အလေးမထားမိသလိုဖြစ်သွားရင််တောင်းပန်ပါတယ် အဲ့ထီးလေးက ကျွန်တော့်ရဲ့ ချစ်သူ.."
"ထားလိုက်ပါတော့ ရေစိုကြီးနဲ့ရပ်နေတာကြာရင်ဖျားလိမ့်မယ် အပေါ်တက်ရအောင်လေ"
ဟီဆွန်းက ဆောင်းဟွန်းစကားကိုဆုံးအောင်ပြောခွင့်မပေးဘဲ တားဆီးလိုက်သည်။ ဆောင်းဟွန်းက ဟီဆွန်းထင်နေသလိုဖျားလွယ်တတ်သူမဟုတ်မှန်း အစ်ကိုသိအောင် ဘယ်လိုပြောရပါ့မလဲ။ ဆောင်းဟွန်းအတွက် ခုနကမှသေချာစကားပြောမိတဲ့လူတစ်ယောက်က သူ့ကိုဂရုစိုက်တာကို အံ့ဩနေမိတာတော့အမှန်။သူကိုယ်တိုင်က ဂရုစိုက်ခြင်းတွေနဲ့အသားမကျသေးတာပဲ ဖြစ်ပါလိမ့်သည်။
"ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်ဦး ကြွက်စုတ်လေးနဲ့ တူနေတာသိရဲ့လား"
ဟီဆွန်းက ရယ်လျက် စိုစွတ်နေသောသူ့ဆံပင်တွေကို ဆွဲဖွလိုက်သည်။
"နွေးနွေးထွေးထွေးရှိမယ့်အဝတ်အစားလဲပြီး ခေါင်းကိုလည်းသေချာသုတ်ဦးနော်"
"ဟုတ် ကျွန်တော်အဲ့လိုပဲ လုပ်လိုက်ပါမယ်"
"ဒါဆို အခန်းထဲဝင်တော့လေ ကိုယ်လည်းသွားပြီ"
"ဟုတ်ကဲ့ အနားယူလိုက်ပါဦး"
ဆောင်းဟွန်းအခန်းထဲပြန်ရောက်တော့ လုပ်စရာရှိတာတွေကိုတစ်ခါတည်းတန်းလုပ်လိုက်သည်။ထိို့နောက် တိုင်ကပ်နာရီကိုကြည့်မိတော့ ညခုနစ်နာရီ သုံးဆယ်မိနစ်ကို ညွှန်ပြနေသည်။
စောသေးတဲ့အချိန်ဖြစ်သော်လည်း အိပ်ရာဝင်ဖို့
ပြင်လိုက်သည်။ဒီနေ့ကတော့ သူတကယ်ပင်ပန်းလာခဲ့သည်မို့။ဆောင်းဟွန်းက freelance photographer တစ်ယောက်ဖြစ်တဲ့အတွက် သူ့မှာအလုပ်ချိန်ဟူ၍ပုံသေမရှိ။ပြိုင်ပွဲဝင်သည့်ရက်အတောအတွင်းတွေမှသာ အလုပ်အများဆုံးအချိန်ဟု သတ်မှတ်ရမည်။
{လွန်ခဲ့သောတစ်နှစ်}
"ဒေါ်လေးကင်မ် ဂျောင်ဝန်းဘယ်သွားလဲသိလား
ဟင် ခြံတံခါးကလည်းပိတ်ထားတယ်"