About You by The 1975🎧
ကင်မရာတစ်လုံးဖြင့် သူ့ရှေ့ကိုလာပိတ်ကာ တဖြက်ဖြက် ရိုက်နေတဲ့ကောင်လေးကြောင့် ဟီဆွန်းအာရုံတွေလွင့်သွားသည်။လူတစ်ယောက်လုံးရှိနေတာကို မမြင်ချင်ယောင်ဆောင်ကာ ပိတ်ရပ်နေသောကြောင့် ဟီဆွန်းနည်းနည်းလေးတော့စိတ်တိုသွားမိသည်။
"ဒီမှာ ရှေ့ကကောင်လေး"
သူ့ခေါ်သံကြောင့် လှည့်ကြည့်လာတဲ့အခိုက်တန့်မှာ မျက်နှာရဲ့ဘယ်အစိတ်အပိုင်းကိုအဓိကထားကြည့်ရမလဲမသိသည့်တိုင်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။နှာတံပေါ်မှာ မင်းမူနေတဲ့မှည့်နက်လေးတွေကိုလည်း သူ့အကြည့်တွေချန်ထားလို့မဖြစ်။ဒီလိုနဲ့ပဲ သူ့ကို အူလည်လည်လေးကြည့်နေတဲ့မျက်ဝန်းလှလှလေးတွေကို အာရုံစိုက်ဖို့ရွေးချယ်လိုက်သည်။
"ဘာဖြစ်လို့လဲဗျ"
အသံလေးကလည်း ချိုသာသေးသည်။မင်းကတော်တော်ကံကောင်းတဲ့ကလေးပဲ။
"မင်းက ကိုယ့်ရှေ့မှာ လာပိတ်ပြီးဓာတ်ပုံရိုက်နေတော့ ဘယ်လိုလုပ်ရမလဲ"
"အာ...အဲ့လိုဖြစ်သွားတာလား တောင်းပန်ပါတယ် ရှုခင်းကအရမ်းလှနေတော့လေ ကျွန်တော်ကျန်တာတွေဂရုမပြုမိဘူးဖြစ်သွားတယ်"
"ဒါဆို အခုလိုဖြစ်တာရှူခင်းအပြစ်ပေါ့"
"အမ်...အဲ့လိုလည်း မဟုတ်"
သူစလိုက်တာကို အတည်ထင်ပြီး ခေါင်းလေးစောင်းကာ အခက်တွေ့နေပုံပေါက်နေတဲ့ကောင်လေးက တကယ်ချစ်စရာလေးပင်။
"ဓာတ်ပုံရိုက်ရတာ ဝါသနာပါတာလား"
"ဟုတ်ကဲ့ ၊ အခုမှ လေ့လာတုန်းပါ"
"ဒါဆို ကိုယ့်ကိုဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးမလား"
"ဟုတ် အဆင်ပြေပါတယ်"
ဟီဆွန်းစကားကို ထိုကောင်လေးက အပြုံးလေးကူကာ ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။ ခေါင်းလေးလှုပ်တိုင်းဆံပင်အိအိလေးတွေ ပွတက်လာတတ်တာကလည်းချစ်စရာကောင်းနေပြန်သေးသည်။
"ဒီတိုင်းပဲ ကင်မရာကိုကြည့်မနေနဲ့လေ တစ်ခုခုတော့လုပ်ပါဦး မဟုတ်ရင်ကျောက်ရုပ်ကြီးနဲ့တူ
တယ်"