Intro

6.4K 64 12
                                    

Uni-

"ဟမ်..ငါကဘာလို့ သူ့နဲ့အတူ ကုတင်ပေါ် ရောက်နေရတာလဲ"

"ဒီနေ့ကစပီးတော့ မင်းက ကိုယ်နဲ့ချစ်သူတွေ

ဖြစ်သွားပီနော်...မဟုတ်သေးဘူး ကိုယ့်မိန်းမ ဖြစ်သွားတာပေါ့"

"ကျွန်မတို့ တစ်ခုခုဖြစ်ခဲ့တာလား"

"အင်း တစ်ခုခုဖြစ်ခဲ့တာမဟုတ်ဘူး ဖြစ်ပီး သွားတာ babyရဲ့"

____________________________________
"မင်းရဲ့ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်း ဖူးဖူးလေးကို ငါနမ်းလိုက်မယ်ဆိုရင် ပြစ်မှု မြောက်မလား ရော်ရွက်ဝါ..." ( ရှိုင်း )

"ကျွန်မ ရှင့်ကို ချစ်တယ်ဆိုတာကို

ဘယ်တော့မှ ဒီရင်ဘက်ကနေ ထုတ်ပြောနိုင် မလဲမသိဘူး အဲ့စကားလုံး ခြောက်လုံးလေးကိုတောင် ကျွန်မ ပြောမထွက်ဘူး....ရှင့်အချစ်ကသာ စစ်မှန်ဖို့ပဲတောင်းဆိုချင်တယ် " -(ရော်ရွက် ဝါ)

____________________________________

ရှိုင်း- ဘီလီယံနာ ၊ မာဖီးယားလောကတွင်လဲ ကျင်လည်နေသူ။ ရက်စက်တဲ့နေရာမှာနှစ် ယောက်မရှိ ၊ နွေးထွေးမှု့ကို သူ့ရင်ဘက်ထဲ က တစ်ယောက်သောသူထံကိုပဲ ပြသသည်။ သူ့ရဲ့ပုံစံအစစ်အမှန်ကို တစ်ယောက်သောသူ ကသာ သိနိုင်သည်။

ရော်ရွက်ဝါ- ချို့တဲ့လို့ဘဝကိုနာကျင်စွာ ရုန်းကန်နေရတဲ့သူမ ၊ လောကဓံကို ကြံ့ ကြံ့ခိုင်ပီး မာနတရားကိုရှေ့ထားကာ တည် တည်တံ့တံ့ နေတတ်ပီး၊ သစ္စာဖောက်သူတွေ ကြောင့် မည်သူ့ကိုမျှမယုံနူးညံ့တဲ့နှလုံးသား ကို ရင်ထဲသော့ခတ်သိမ်းထားသောသူမ။ အချစ်ဆိုတဲ့အရာဟာ သူမအတွက် အမှိုက် သာသာပဲ။

အေးစက်စက်မိန်းမပျိုလေးနဲ့ ခပ်ဆိုးဆိုး ယောက်ကျား

"မိန်းမတိုင်းရဲ့အချစ်ကို လုပ်ယူစရာမလိုပဲ ရခဲ့တယ်..ဒါပေမယ့် သိပ်ခေါင်းမာတဲ့မင်း 62:3

ကိုယ့်ကို လာကစားနေတာပဲကွာ.."

"လွှတ်...ရှင့်ရဲ့ မိန်းမတစ်ကာနဲ့ထိတွေ့ဖူးတဲ့ အနမ်းတွေနဲ့ကျွန်မကို လာမထိနဲ့….ကျွန်မကရှင်ပျော်ဖို့ ဖန်တီးထားတဲ့ အရုပ်မဟုတ်ဘူး"

"ကျွန်မက ရှင့်အတွက်ဘာလဲ?"

"မင်းက ကိုယ့်ရဲ့မူပိုင်ပဲ ကိုယ့်ရဲ့ပဲ့ကိုင်ရှင် သူများတွေလို ကိုယ်ကြိုးဆွဲရာကရမယ့် အရုပ်တစ်ရုပ်လိုအစား မင်းကို ဘုရင်မ ပဲလုပ်ခိုင်းမယ် မင်းရဲ့လက်အောက်မှာ ဦးညွှတ်ချင်လို့"

"အို ရှင်ကစကားသိပ်တတ်တာပဲ ကျွန်မရဲ့ လက်အောက်မှာဦးညွှတ်မယ့်အစား ရှင်ပါ ဘုရင်လုပ်လိုက်လေ ဒါဆို တူတူပဲပေါ့"

"ကိုယ်သာဘုရင်ဆို မင်းပေါ်ကိုလွှမ်းမိုးမိ သွားမလား"

"ဟင်"

"ကိုယ့်ရဲ့အာဏာကိုသုံးပီး မင်းကိုအပိုင် ချုပ်ထားချင်လို့လေ "

__________________________________

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး( my husband is a billionaire)Where stories live. Discover now