ည ၁၂ နာရီ။
ညည့်နက်ချိန်ထိ သူမ ကုတင်ပေါ်တွင်လူးလွန့်နေဆဲ။ သူမ အပေါ်မှအုပ်မိုးထားသည့် အမျိုးသားသည်လဲ သူ့တာဝန်သူရှေ့ဆက်လို့နေသည်။
"အင်းး~~ ရှင်...ရှင်ကိုတော့ ဒီညအတွက်ပိုက်ဆံပိုပေးရတော့ပဲ"
ဆွဲဆောင်မှုရှိသည့် အမျိုးသမီး၏အသံကထွက်ပေါ်လာသည်။
ဆက်ဆံမှုပြီးစီးသွားသည့်အခါ ခြေရင်းမှ နက်ပြာရောင် ဂါဝန်အပါးတစ်ထည်ကို ကောက်ဝတ်လိုက်ပြီး လက်တစ်ဖက်ကမ်းရှိ ပိုက်ဆံအိတ်ထဲမှ ဖောင်းကြွနေတဲ့စာအိတ်တစ်အိတ်ကို ထိုယောင်္ကျားအား ထုတ်ပေးလိုက်သည်။
ငွေပမဏက ရေတွက်စရာမလိုလောက်အောင်ကို ပြည့်စုံတာထက်ပိုနေမှန်းသိသောကြောင့် ထိုအမျိုးသား၏မျက်နှာမှာ ကျေနပ်အားရမှုအပြည့်နှင့်။
"ငါမပြောလဲသိမှာပါနော် ၊ ဒီညကိစ္စတွေကိုမေ့လိုက်ဖို့"
"သိပ်သိတာပေါ့ မမလေး ကျွန်တော်တို့က ဒီလို ဆက်ဆံရေးမျိုးရှိတာကို ဘယ်သူမှမသိစေရပါဘူး"
"ကောင်းပြီ ။ ဒါနဲ့ နောက်ဆို ငယ်ငယ်ချောချောလေးတွေပေးစမ်းပါ နင်နဲ့က များနေပီလေ"
ထိုအမျိုးသားက ဟက်ဟက်ပတ်ပတ်ရယ်မောလိုက်ရင်း "ဒါပေါ့ မမလေးငွေဒါရီက ဒါမျိုးငြီးငွေ့လွယ်မှန်းသိတာပေါ့ဗျာ။
စိတ်မပူပါနဲ့ မမလေးအကြိုက်ဖြစ်စေရမယ်။ အခုဝောာ့ ခွင့်ပြုပါအုန်း"ခေါင်းညိမ့်ပြပီး အခန်းတွင်းမှထွက်သွားလေသည်။
ဒီနေရာက Sမြို့တော်၏ အပြင်ဘက်နေရာဖြစ်သည်။ မြို့ပြင်ဖြစ်၍ ဒုစရိုက်မှုမျိုးစုံကျင်လည်ကျက်စားရာနေရာဖြစ်ပီး ၊ များသောအားဖြင့် ပိုက်ဆံရှိလူတန်းစားကိုသာ အရေးပိုပေးကြသည်။ လောင်းကစားဝိုင်း ၊ကလပ်၊ တစ်ညအိမ်မိန်းမပျိုများအဆောင်ဟုပင် နာမည်ထွင်ပီး ဖွင့်စားသည့် အဆောက်အဦးများစွာရှိသည်။ မူးယစ်ေဆးများ ဖောင်းကြွနေခြင်းကြောင့် ရာဇဝတ်မှုများ အဖြစ်များသလို၊ မည်သူကမျှလည်း ဂရုစိုက်ခြင်းမရှိပေ။ သာမာန်လူအတွက်သာမက အလွန်ပင် အန္တရာယ်များလွန်းသည်။
YOU ARE READING
ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး( my husband is a billionaire)
RomanceMy second fic... collaborate with Diana Mellet.. (Helen ဆိုတာ သာသာ့ရဲ့ old accပါ။ သုံးလို့မရတော့လို့ အသစ်ဖွင့်လိုက်တာပါနော်။ အခု ဒီအကောင့်မှာပဲအပိုင်းသစ်တွေဆက်တင်သွားမှာပါ ။ အပိုင်း၁ကနေစလို့ အဆုံးထိ !!။)