Part -7

1.6K 23 0
                                    

ကောင်းကင်ထက်တွင် တိမ်များအုံ့စိုင်းကာ ညိုမဲလိုနေသည်။ ဒါကိုကြည့်လိုက်သည်နှင့် မိုးသည်းကြီးမဲကြီးရွာတော့မည်မှန်းသိ နိုင်သည်။

ရော့်အမေနှင့် ရှိုင်းတို့ စကားကောင်းနေကြ ရင်း ညနေပင်စောင်းလာပီ နေ့လည်စာကို လဲ ရော့်အမေ၏တောင်းဆိုချက်အရ စားခဲ့ရ သည်။

ဟင်းချက်ကောင်းသည့် ဒေါ်နှင်း မေ၏လက်ရာမှာ အိမ်ထမင်းဟင်းဆိုတစ်ခါ မှမစားတဲ့ ရှိုင်းအတွက် အလွန်ပင်အရသာရှိ ကာ နွေးထွေးရသည်။

"ညနေစောင်းနေပီဆိုတော့ ကျွန်တော်ပြန် တော့မယ်နော်အန်တီ "

"ပြန်တော့မှာလား မိုးတွေရွာနေတာကိုကွယ်"

"ရပါတယ် ကားနဲ့ပဲဆိုတော့ မိုးမိရင်တောင် ဘာမှမဖြစ်ပါဘူး "

"အေးအေး ဒါဆိုလဲဂရုစိုက်သွားနော်"

"ဟုတ်ကဲ့ နေ့လည်စာအတွက်ကျေးဇူးတင် ပါတယ်နော်"

ပါးချိုင့်လေးများထင်ပေါ်အောင်ပြုံးပြကာ ကားထဲဝင်သွားလေသည်။

ရှေ့ခန်းမှာ လက်ထောက် ခွန်းသက မေးသည်။

"ဆရာ အဒေါ်လက်ရာက တကယ်ကောင်း တယ်နော်"

"အင်း...."ပြဒင်းပေါက်ကိုငေးကြည့်ရင်း နောက်တစ်ခါ ထပ်၍လာချင်မိသည်။

"ခွန်းသ မင်းချစ်မိဖူးလား"

သူဌေးဖြစ်သူ၏အမေးကြောင့် ကြောင်အန်း အန်းဖြစ်ကာ

"ဆရာ ချစ်နေလို့လား"

"နိုး..."

"ရော်ရွက်ဝါ အိမ်ကိုဆိုးဝါးမယ်လို့ထင်ခဲ့တာ လူလတ်တန်းစားအိမ်ပါပဲ "

"ဆရာကလဲဗျာ ဆိုးရွားတယ်ဆိုတာ ဒါကိုမှ မဆိုလိုတာ ရော်ရွက်ဝါက ဆင်းရဲတဲ့ထဲလဲမ ပါပါဘူး"

ငါကဘာလို့ဒါတွေပြောပြနေရတာလဲ သေချာပါတယ် ဆရာစိတ်ယိုင်နေပီရော်ရွက် ဝါကို

"ဒီနေ့ သူလာမယ်ဆိုလို့ ငါလာတာလေဒီကို "

"........"
(ဒီနေ့တော့လွဲလိုက်ပါ အမျိုးသားရေ) "ဆရာ ရော်ရွက်ဝါကို ကြိုက်နေလို့လား"

"အင်းး မင်းသိတဲ့တိုင်း အပျော်ပါပဲ ဒီတိုင်း ကစားချင်လို့ပါပဲ ချစ်တယ်ဆိုတာမရှိဘူး"

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး( my husband is a billionaire)Where stories live. Discover now