Part-1

3.9K 34 0
                                    

နေရောင်ပင် ကောင်းစွာမထွက်သေး သော မနက်ဝေလီဝေလင်းအချိန်၌ ပါးလျ သောပုံရိပ်တစ်ခုသည် ကျဉ်းမြောင်းသော လမ်းကြားထဲမှ ကတိုင်ကရိုင်ထွက်လာသည် ။ နံဘေးရှိ တိုက်များသည် ဟောင်းနွမ်း၍ လမ်းမီးပင်မရှိ ။ သို့သော်ငြား ရပ်ကွက်ဈေး သို့ထွက်ဖို့ ပြင်ဆင်နေကြသော အမျိုးသမီး ကြီးတစ်ချို့ကို တွေ့နိုင်သည် ။

ယခုမြို့သည် ရွာမဟုတ်သော်လည်း မြို့တော်၏အစွန်တွင်ရှိပြီး မြို့လည်ခေါင် ရောက်ရန်ပင် နှစ်နာရီခန့် ဘတ်စ်ကားစီး ရသည် ။ ကြိုကျဲကြိုကျဲသာ လာတတ် သော ဘတ်စ်ကားသည် ယနေ့မနက်တစ် ကြိမ်ရောက်လာသည့်အချိန်တွင် မမှီလျှင် တစ်နေကုန် မြို့ထဲသွားနိုင်ရန် မသေချာ တော့ ။ နောက်တစ်ခေါက်ပြန်လာဖို့ အာမခံမ ရှိပေ ။

ကျဉ်းမြောင်း၍ အမှိုက်များပြည့်နေသော လမ်းချိုးများအား နာရီဝက်ခန့် ဖြတ် လျှောက်၍ နောက်ဆုံးတွင်မှ ဘတ်စ်ကား ဂိတ်သို့ ရောက်ရှိလာခဲ့သည် ။ ဖျော့တော့ သောအသွင်ရှိသည့် မိန်းကလေးသည် အရောင်လွင့်လုလုဂျင်းပန်နှင့် တီရှပ် တစ်ထည်ကိုသာ တွဲဖက်ဝတ်ဆင်ထား သော်လည်း ကျော့ရှင်းသောသဏ္ဌာန်ရှိနေ၏ ။ သူမ၏ နက်မှောင်သော ဆံပင်များသည် ပျော့ပြောင်း၍ ရှည်လျားသော်လည်း သွယ် လျလှပသောပုခုံးပေါ်တွင် ဝဲလွင့်နိုင်ခွင့် မ ရှိရှာ ၊ ပိုင်ရှင်၏ ခပ်မြင့်မြင့် မြှောက်စီးမှုကို ခံထားရ၏ ။

ကားမှတ်တိုင်မှ နောက်ခံဘုတ်ပြားသည်ပင် မီးလင်းဘုတ်ပြားမဟုတ်ဘဲ ချောမောသော ရုပ်ရှင်ဧကရာဇ်၏ လွန်ခဲ့တဲ့သုံးနှစ်က ရိုက် ခဲ့သော စက္ကူဘုတ်ပြားသာဖြစ်သည် ။ မှတ်တိုင်သို့ရောက်သော်အခါ ရော်ရွက်ဝါ သည် ဘတ်စ်ကားလာရန် ဆယ့်ငါးမိနစ် လောက် လိုနေသေးသောကြောင့် ခုံတန်း ရှည်ပေါ်တွင် ထိုင်၍ သံချောင်းအားခေါင်းမှီ ပြီး ရသလောက်မှေးနေမိသည် ။ သူမ အချိန် မဖြုန်းရဲပေ ။

အသွားအပြန်အချိန်ကြောင့် အိမ်ကိုတစ် ပတ်ခြားတစ်ခါပဲ ပြန်လာနိုင်သည် ။ သူမ၏ အမေသည် ချောင်းခဏခဏဆိုး၍ ယခု ရက်ပိုင်းသွေးပင် ပါလာသည့်အခြေအနေ ဖြစ်နေသော်လည်း ဘာရောဂါဖြစ်နေသလဲ ဆေးသွားစစ်ဖို့ပင် ငွေမလုံလောက်သော ကြောင့် တစ်ခါမှဆေးရုံမရောက်နိုင်သေးပေ

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး( my husband is a billionaire)Where stories live. Discover now