Part-2

2.2K 29 1
                                    

By - diana_mellet58and me

ဘားတွင်း အောက်ထပ်မှ ဆူညံသံများ က သူမအပေါ်ထပ်ကို ရောက်တော့မှ ပဲ အေးချမ်းသွားရတော့သည်။ ရော်ရွက် ဝါ နဲ့ဝတ်စုံက ကွက်တိဖြစ်နေတော့ သူမ ကိုယ်လုံးကောက်ကြောင်းနဲ့ ခါးသိမ် သိမ် ခြေထောက်သွယ်သွယ်က ထင်ပေါ် နေသည်။ဘေးပတ်လည်မှ အခန်းများကို တောက်လျှောက်ဖြတ်လာရင်း ညာဘက် အစွန်ဆုံးမှ အခန်းရှေ့တွင်ရပ်လိုက်သည်။ ရင်တုန်ပန်းတုန်ဖြင့် စိတ်လှုပ်ရှားနေသည်ကို ထိန်းဖို့အတွက် ဗန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လို့ထားသည်။ ရော်ရွက်ဝါစိတ်တည်ငြိမ်စေဖို့ရာ အသက် အဆုံးထိရှုသွင်းလိုက်ပီး အားတင်းကာ တံခါးခေါက်လိုက်သည်။ တံခါးဖွင့်သွား စဉ် ဆိုဖာ တန်းလျားရှည်ပေါ်မှ အရက်ခွက် ကိုင်ကာ ဘယ်ဘက်လက်က မိန်းမတစ် ယောက်၏ခါးကိုဖက်တွယ်ထားရင်း မိန့်မိန့် ကြီးထိုင်လို့နေသည်။

"ဝိုး ဒီဆိုင်ကသူဌေးကအလန်းလေးမှ ထည့် ပေးတာပဲကွ"

ထိုလူရဲ့ဘေးမှ အပေါင်းအပါများက ရော် ရွက်ဝါကို ကြည့်ရင်းသရော်လိုက်ကြသည်။ ထိုလူမှာ ရော်ရွက်ဝါကို တစ်ချက်မော့ကြည့် လိုက်ပီး အရက်ဆက်သောက်လို့နေသည်။ ရော်ရွက်ဝါသည်ည် သူမ၏အလုပ်ဖြစ်သော ကုန်နေတဲ့အရက်ပုလင်းများကို ဗန်းထဲထည့် ကာ ယူဆောင်လာသော ပုလင်းများကိုချ ပေးလိုက်သည်။

"ငါ့ကိုတစ်ခွက်ထည့်ပေး"

ရော်ရွက်ဝါ မည်သည်ကိုမှမပြောပဲ ထို

လူအား အရက်ထည့်ပးေနသည်။။ အရမ်းမလင်းအရမ်းမမှိန်သော မီးရောင် အောက်တွင် ဖြူဖွေးနုဖက်နေပီး အပြစ်ကင်း စင်သော ထိုအမျိုးသမီးလေး၏မျက်နှာအား ထိုလူကြည့်လိုက်သည်။

အလုပ်တွင်သာအာရုံစိုက်ထားတဲ့ထိုမိန်းကမ ပျိုလေး၏မျက်မအိမ်မျက်တောင်မှာ မဲနက် ကော့တက်နေပီး ဆိုးထားတဲ့ အနီရောင် နှုတ်ခမ်းနီလေးနဲ့နှုတ်ခမ်းဖူးဖူးလေး၊ သူမ ကို ဘယ်လိုတင်းစားရမလဲ ၊ ဟွန်းးးးစနိုးဝှိ က်လိုမျိုးလေးလား၊ လှပလွန်းတဲ့အရာတွေ ကြီးပါတကား။ရော်ရွက်ဝါ ထည့်ပီး ဗန်းပြန်ကိုင်ကာ ထွက်တော့မည့်ဆဲဆဲတွင်

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး( my husband is a billionaire)Where stories live. Discover now