အပိုင်း (၁)

195 1 0
                                    

"မေမေ!"

ကြားရပါပြီ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အာပြဲကြီးနဲ့အော်သံ ဘယ်သူလဲမမေးနဲ့ အမြဲတမ်းနောက်ကျတဲ့ မောင်ဥာဏ်မင်းဆက်ပဲဖြစ်ပါတယ် နောက်ကျလွန်းလို့ သူ့သူငယ်ချင်းတွေကလိပ်မင်းဆက်လို့တောင် နာမည်ပေးထားရတယ်...

"မေမေ သားကိုဘာလို့မနှိုးတာလဲ ဒီနေ့အစည်းအဝေးရှိပါတယ်ဆို"

"အမလေး အကိုတော် ကျွန်တော်မျိုးမ မနက်ခုနှစ်နာရီကတည်းလာနှိုးနေတာပါတော်...မေမေငါးမိနစ်ပဲ ငါးမိနစ်ပဲပြောပြီး ပြန်ပြန်အိပ်တာဘယ်သူလဲ"

"ပြန်မအိပ်အောင် မေမေကလုပ်ပေါ့ ခုတော့နောက်ကျတော့မယ်"

"အေး နောက်တစ်ခါ ငါ့အခန်းမှာတုတ်ဆောင်ထားမယ် တစ်ခါနှိုးလို့မထရင် နင့်ဖင်ကိုတစ်ချက်ရိုက်မယ်"

ဖင်လည်းရိုက်မယ်ဆိုရော လက်နှစ်ဖက်နဲ့သူ့ဖင်လေးကိုကွယ်ပြီး

"မေမေကလည်း သားကအဲ့လိုသဘောပြောတာမှ မဟုတ်တာ နှိုးလို့ရတဲ့နည်းလမ်းတွေမှအများကြီးကို"

"ဥာဏ်မင်းဆက်ရယ် တစ်ခါတလေလေးငါမနှိုးပဲနိုးတဲ့ရက်ရှိအောင်လုပ်ပါအုံး အမြဲတမ်းပဲနှိုးနေရတာ ကိုယ့်ကိုကိုယ်လုပ်ငန်းခွင်ထဲ ၀င်နေပြီဆိုတာ သတိရအုံး"

"သိပါတယ် မေမေကအမြဲတမ်းဒါပဲပြောနေတာ"

"ဟဲ့ နင်ကဒီအချိုးပဲချိုးနေတော့ငါလည်းဒီစကားပဲပြောရမှာပဲ"

"အဲ့မှာ မေမေတစ်ယောက်တည်းပဲ ပြောနေခဲ့တော့ သားကတော့သွားပြီ blah blah"

"အေး ရည်းစားရရင် ရည်းစားကထားသွားပါစေတော်"

အဲ့မေမေကလေ မဦးမချွတ် ဖက်ဟဲ့ လွဲပါစေ ဖယ်ပါစေ.. ရည်းစားတောင်မထားရသေးဘူး ထားသွားဖို့ကဆုတောင်းနေပြီ..... စိတ်ချမေမေရေ သားကိုထားမသွားအောင် ရည်းစားကိုဖူးဖူးမှုတ်ထားမှာ.....

:
:
:
:
:

"ဟော ဟိုမှာလာပါပြီ ကိုလိပ်မင်းဆက်"

"ဘာ လိပ်မင်းဆက်လဲ သူရနော် အဲ့လိုမခေါ်နဲ့ငါမကြိုက်ဘူး"

"သူရ ရာ သူမကြိုက်ရင် မစပါနဲ့.. ဟိုမှာ ငါတို့ရဲ့လိပ်မင်းဆက်လေးက နှုတ်ခမ်းကြီးဆူထော်နေပြီ"

အချစ်+အတွင်းရေးမှူးဥာဏ်Where stories live. Discover now