အစည်းအဝေးခန်းကပုံမှန်ထက်တိတ်ဆိတ်နေသည်..အထူးသဖြင့်ဥာဏ်မင်းဆက်..ခါတိုင်း အစည်းအဝေးဆိုရင်တောင် သူ့မှာစကားပြောလို့မပီး..ဒီနေ့မှ ငြိမ်ကုပ်နေသည်..
'ဟေ့ကောင် လိပ်..CEO မလာသေးပါဘူးကွ အဲ့လောက်ကြောက်မနေပါနဲ့..ကြည့်ပါအုံးလက်ေတွတောင်တုန်လို့..'
'လီးကိုတုန်...မနောက်နဲ့ဟေ့ကောင်...ငါတိုက်မိတဲ့သူကCEOမဟုတ်ရင် သူ့ဘာသူဘာကောင်ဖြစ်ဖြစ်စိတ်မဝင်စားဘူး...CEO ဆိုလို့ကတော့ ငါတော့အလုပ်လက်မဲ့ဖြစ်ပါပီ..'
'စိတ်မပူပါနဲ့ကွာ...အနောက်တိုင်းဝတ်စုံဝတ်တိုင်း CEO မဟုတ်ပါဘူးကွ'
'အဲ့လိုဖြစ်ပါစေဆုတောင်းရမှာပဲ'
ပြောသာပြောရတာ..သူရစိတ်ထဲလည်းတော်တော်ပူနေသည်..အဲ့လူထွက်သွားတုံးက ကြည့်သွားတဲ့အကြည့် ကြောက်စရာ..တခုခုဖြစ်မှာတော့ သေချာနေပြီ..
ထိုအချိန်မှာပဲ CEO အစည်းအဝေးခန်းထဲသို့ဝင်လာသည်..ဉာဏ်မင်းဆက်ဆုတောင်းနေပေမယ့် ဆုတောင်းမပြည့်ပါ..တကယ်ကြီးCEOဖြစ်နေသည်...
'အားလုံးပဲ..မဂ်လာပါ ကျွန်တော်ကတော့ ဒီနေ့ကစအုပ်ချုပ်မယ့် CEO တဖြစ်လည်း ဝဠာဘုန်းပြည့်ပဲ ဖြစ်ပါတယ်..ခုလိုမအားတဲ့ကြားထဲက အချိန်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်'
'ဟေ့ကောင် လိပ်..CEOကတော်တော်ချောတာပဲ..ပြုံးရင်ပိုတောင်ချောသေးတယ်'
'လီးကိုချော..'
'အရိုင်းအစိုင်း'
ဟွန့်..နာမည်ကိုက ဝဠာဘုန်းပြည့်တဲ့ တင်တင်စီးစီး..ဘာချောတာလဲ..ငါ့လောက်တောင်မချောပဲ...
'ပြီးတော့ကျွန်တော်ပြောချင်တာက..အလုပ်လုပ်ရင် အလုပ်ကိုပဲအာရုံစိုက်လုပ်စေချင်တယ်..စကားတွေကိုလိုတာထပ်ပိုမပြောစေချင်ဘူး..တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ့်အလုပ်ကိုပြီးအောင်လုပ်ကြပါ..နောက်ပြီးတော့ လမ်းသွားရင်လည်း ရှေ့နောက်ကြည့်သွားကြပါ..မတော်လို့ တိုက်မိရင် ဒုက္ခများပါ့မယ်'
ဒီစကားကိုတော့..ဝဠာဘုန်းပြည့်..ဉာဏ်မင်းဆက်ကိုတည့်တည့်ကြည့်ကာပြောလိုက်သည်..
YOU ARE READING
အချစ်+အတွင်းရေးမှူးဥာဏ်
Fanfictionဝဠာဘုန်းပြည့်+ဥာဏ်မင်းဆက် အတွင်းရေးမှူးနဲ့သူဌေးတို့ရဲ့အချစ်ဇာတ်လမ်းအကြောင်း ပေါ့ပေါ့ပါးပါးလေးရေးချင်နေလို့ အားပေးကြပါအုံး💜💜 နာမည်တူတာရှိရင်လာပြောပေးပါနော်☺️