"Jနဲ့Austin....မနက်ဖြန် ငါမြန်မာပြည်ပြန်ရမယ်"
"ဗျာ...ချက်ချင်းကြီးလား ဘော့စ်"
"အေး Daddyကအလုပ်နားတော့မှာ ငါကိုသူ့နေရာမြန်မြန်၀င်စေချင်နေပြီ"
အဟား...ဘော့စ်မရှိရင်တော့ ဒီကစကီလေးတွေနဲ့ သာယာပြီ...
"ဟိုကောင်Austin ငါမရှိတုန်းကောင်မလေးတရုံးရုံးနဲ့ဆိုရင်တော့ မင်းငါ့အကြောင်း သိတယ်နော်"
ဟွန့် ဘော့စ် စိတ်ပုပ်...
"Jမင်းကိုတော့အထွေးအထူးမပြောတော့ဘူး ငါမရှိတုန်း စိတ်ချမယ်နော်...အဲ့ကောင်ကိုလည်းလွတ်မထားနဲ့"
"ဟုတ်ကဲ့ပါဘော့စ်"
"ဘော့စ်ကလည်း ဒီမှာမကဲရမဲ့အတူတူ ကျွန်တော်လည်းပြန်လိုက်မယ်"
Austin ပြန်လိုက်မယ်ဆိုတော့ Jမှာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်..
"မင်းလိုက်ရင် Jကတစ်ယောက်တည်း ဖြစ်သွားမှာပေါ့ နေခဲ့"
ဟွန့်.. မလိုက်ရလည်းနေပေါ့ ကိုယ့်ဘာသာမသိအောင်ကဲမှာပေါ့
"Jပစ္စည်းကိစ္စပြောစရာရှိရင် ငါ့ကိုဆက်သွယ်လိုက်"
"စိတ်ချပါ ဘော့စ်.. ဒီကအလုပ်ကိစ္စကို ဘော့စ်စိတ်မပူလည်းရပါတယ်"
"ငါ့အတွက်လေယာဉ်လက်မှတ် စီစဉ်ထားလ်ိုက်"
"ဟုတ်ကဲ့ ဘော့စ်"
မြန်မာပြည် အဟက်..ဘယ်တော့မှမပြန်ရတော့ဘူးလို့ ထင်ထားခဲ့တာ အကြောင်းကဖန်လာပြန်ပီပေါ့..မမြင်ချင်မတွေ့ချင်တဲ့သူတွေတော့ တွေ့ရအုံးမှာပေါ့..
:
:
:
"Hey My Son""Hello Daddy...ကိုယ်တိုင်လာကြိုစရာမလိုပါဘူး Daddy ရာ"
"ငါ့သားကို မတွေ့ရတာကြာပြီလေကွာ..မင်းကပြီးရင် ဒီအဖေဆီတန်းမလာပဲ မင်းရဲ့ကွန်ဒိုပဲ အရင်သွားမှာမလား..အဲ့တော့ ငါကအရင်ဆုံး မျက်နှာလေးကို လာဖူးမျှော်တာ"
"ကျွန်ေတာ်နောက်ရက်လာမှာပဲ"
"မစောင့်နိုင်လို့ပေါ့ကွာ...တော်ပီ အပိုမပြောတော့ဘူး..မင်းမာမီက မင်းစားဖို့မနက်ကတည်းကချက်ပြုတ်နေတာ တစ်ခါတည်းအိမ်လိုက်ခဲ့"
"Ok Daddy.."
မြန်မာပြည် တော်တော်ကိုပြောင်းလဲသွားတာပဲ.. ဒီမြေကို ခြေချရင်း ဘာရယ်မဟုတ် အတိတ်ကအကြောင်းကို ပြန်သတိရသွားသည်.....
Hey Long Time No See💗
YOU ARE READING
အချစ်+အတွင်းရေးမှူးဥာဏ်
Fanfictionဝဠာဘုန်းပြည့်+ဥာဏ်မင်းဆက် အတွင်းရေးမှူးနဲ့သူဌေးတို့ရဲ့အချစ်ဇာတ်လမ်းအကြောင်း ပေါ့ပေါ့ပါးပါးလေးရေးချင်နေလို့ အားပေးကြပါအုံး💜💜 နာမည်တူတာရှိရင်လာပြောပေးပါနော်☺️