"ဟေ့ကောင် ဘုန်းပြည့်...ငါဒီမှာ.."
ငယ်သူငယ်ချင်း မင်းနိုင်..သဘောကောင်းပြီးဖော်ရွေလို့..ကျောင်းမှာဆိုဒီကောင်နဲ့ပဲ ပေါင်းဖြစ်တယ်။ ကိုယ့်ကိုလည်း သူဌေးသားမှန်း မသိအောင်နေတယ်.လူတွေက ပိုက်ဆံရှိရင် ကပ်ဖားရပ်ဖားလုပ်လွန်းလို့..သူဌေးသားမှန်းလည်း ဒီကောင်တစ်ယောက်ပဲသိတယ်...
"အေး..."
"ဒီနေ့နောက်ကျလှချည်လားကွ.."
"ဒယ်ဒီက ပွားနေလို့ပါကွာ.."
"ဒီနေ့ရော ဘာအကြောင်းလဲ..."
"ထုံးစံအတိုင်း နိုင်ငံခြားကျောင်းသွားတတ်ဖို့ပေါ့ကွာ.."
"နေစမ်းပါအုံး မင်းအဖေက ဘာလို့နိုင်ငံခြားအတင်းသွားခိုင်းနေတာလဲ..ဒီမှာလည်းတက်လို့ရတာကိုကွာ..မင်းအဖေကမမိုက်ပါဘူး"
"ထားလိုက်ပါကွာ ဒယ်ဒီက ငါ့သဘောမပါပဲတော့ ဘာမှမလုပ်ပါဘူး"
"မင်းမသွားချင်ရတဲ့အကြောင်းအရင်းကို ငါသိတယ်ဟေ့ကောင်..ဒါနဲ့ မင်းမမကို ဘယ်နေ့ဖွင့်ပြောမှာလဲ"
"အင်း..ဒီနေ့ဖွင့်ပြောမလို့ကွာ.."
"Good Luck သားရီး"
ညှို့လွန်းမယ် ကျွန်တော်ချစ်သော ကောင်မလေးနာမည်...နာမည်အတိုင်းပဲ ယောကျာ်းတွေကိုညှို့နိုင်စွမ်းရှိတယ်..ဒါပေမယ့် ခုချိန်ထိ ရည်စားဟူ၍မယ်မယ်ရရမရှိ..သူနဲ့တန်တယ့်သူမရှိဟုဆိုကာ လာဖွင့်ပြောသမျှလူတိုင်းကိုငြင်းလွှတ်သည်...ဒါကြောင့်လည်း ကျွန်တော်ဖွင့်ပြောလျှင်လည်း ကျွန်တော့်ဘဝအမှန်ကို အရင်ပြောပြမှ ဖြစ်မည်။
"ဟေ့ကောင်..ဟိုမှာမင်းမမလာပြီ"
ပြိုင်ကားအနီရဲရဲပေါ်က ဆင်းလာတဲ့မမက အရမ်းဆွဲဆောင်မှုရှိတာပဲ.. ဆံပင်တွေကို Bubble Tea အရောင်ဆိုးထားပြီး..ခပ်မြင့်မြင့်စည်းနှောင်ထားသည်။ အပြာနုရောင် ဂါဝန်လေးဝတ်ထားသည့် မမက တကယ့်ကလေးနှယ်...
"ဟေ့ကောင်...ငုတ်တုတ်ကြီးများ သေသွားပြီလားကွာ..သွား..မြန်မြန်သွားဖွင့်ပြော"
ကြောက်စိတ်တော့မရှိပေမယ့် ပထမဆုံးဖွင့်ပြောမှာဖြစ်တယ့်အတွက် စိတ်လှုပ်ရှားမိတာအမှန်..
"မမ..ကျွန်တော်ပြောစရာရှိလို့"
"ဘာကိစ္စလဲ"
"ကျွန်တော် မမ ကို ချစ်တယ်..ပြီးတော့ ကျွန်တော်က..."
"ခန...မင်းက ငါ့ကိုချစ်တယ်..မင်းအကြောင်းတော့ ငါနည်းနည်းသိသလိုပဲ ဆင်းရဲသားဆိုတာလေ ဟုတ်လား"
"မဟုတ်..ကျွန်တော်..."
"ဒီမယ် ငါအမုန်းဆုံးကလေ အဲ့ဆင်းရဲသားတွေရဲ့အနံ့...ပြီးတော့ ကိုယ်နဲ့တန်မှန်းမသိ မတန်မှန်းမသိ..မတန်မရာကိုမှန်းတတ်တာကိုပဲ"
ဝဠာဘုန်းပြည့်...ဒေါသထောင်းခနဲ ထွက်သွားရသည်...
"ဒီမယ် မညှို့လွန်းမယ်..ဆင်းရဲသားတွေက ဘာဖြစ်လို့လဲ...ဘဝပေးအခြေအနေကြောင့် ဆင်းရဲနေပေမယ့်..သူတို့မှာလည်းလူတစ်ယောက်ကို ချစ်လို့ရတယ် သဘောကျလို့ရတယ်"
"အေးအဲ့လို ချစ်လို့ရတယ့်အထဲမှာ ငါမပါဘူး..နင့်ကိုဒီလိုရပ်ပြောနေတာနဲ့တင် တော်တော်ရွံစရာကောင်းနေပြီ"
"ဟ..ဒီမှာ မညှို့လွန်းမယ်...ကျုပ်က ခင်များထက် အဆတစ်ရာချမ်းသာတယ်ဆိုတာ တစ်ချိန်ကျသိလိမ့်မယ်.."
ပြောပြီး အဲ့နေရာကလှည့်ထွက်လာခဲ့သည်။ သုံးနှစ်တာ သဘောကျလာတဲ့စိတ်ကို ဒီနေရာမှာပဲရပ်တန့်လိုက်ပြီ..မောက်မာတာ တော်ရုံမောက်မာရင်ရပီလေ ဆင်းရဲသားတိုင်းမတူမတန်ဆိုတာကတော့ လွန်သွားပြီ...အဲ့ချိန်ကစပြီး နိုင်ငံခြားကိုထွက်ခွာလာတာ ယခုအချိန်ထိပဲဆိုပါတော့...
လက်ရှိအချိန်မှာတော့ ဝဠာဘုန်းပြည့်ဟာ ကုမ္ပဏီပေါင်း များစွာရဲ့ သူဌေးအဖြစ်မြန်မာနိုင်ငံကို ပြန်ရောက်လာလေသည်....
ဒီဟာလေးလည်း မအပ်တာကြာလို့..ထုံးစံအတိုင်း vote comment လေးပေးကြပါအုံးနော်☺️☺️ ဖတ်ရှုသူ အယောက်တိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Love You All Readers 💜💜💜
YOU ARE READING
အချစ်+အတွင်းရေးမှူးဥာဏ်
Fanfictionဝဠာဘုန်းပြည့်+ဥာဏ်မင်းဆက် အတွင်းရေးမှူးနဲ့သူဌေးတို့ရဲ့အချစ်ဇာတ်လမ်းအကြောင်း ပေါ့ပေါ့ပါးပါးလေးရေးချင်နေလို့ အားပေးကြပါအုံး💜💜 နာမည်တူတာရှိရင်လာပြောပေးပါနော်☺️