Part(7)

322 14 0
                                    

အချစ်တွေကိုသူသိပါစေ

အပိုင်း၇

Brightဒီနေ့မနက်နေမြင့်မှအိပ်ယာကနိုးသည် ညကဟိုတွေးဒီတွေးနဲ့တော်တော်နှင့်အိပ်မပျော် အိပ်ယာဝင်နောက်ကျသွားသောကြောင့်အခုမနက် ကျောင်းသွားဖို့ပင်မမီတော့...brightရေချိုးပီးမနက်စာစားရန်အောက်သို့ဆင်းလာခဲ့သည်...ထမင်းစားခန်းထဲတွင်မုန့်ထိုင်စားနေသူက သူ့ရဲ့ချစ်လှစွာသောယုန်ဖြူလုံးလေး win...winက အပေါ်ကစပို့ရှပ် အစိမ်းရောင်လေးနဲ့အောက်ကဂျင်းဘောင်ဘီတ်ိုဒူးဖုံးလေးကိုဝတ်ထားတယ်...သူကတော့ဆွဲသား မီးခိုးရောင်လက်ရှည်နဲ့ စတိုင်ပန်ခဲရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်....

Bright...မောနင်းပါ ချစ်သောငယ်...ခုမှနိုးတာလားငယ်ရော..

Win..ဟုတ် ကို...ငယ်ညကအိပ်တာနောက်ကျလို့ပါ ငယ်ကကို့ကိုကျောင်းသွားပီတောင်ထင်နေတာ ဦးကတော့ရုံးသွားလောက်ပီ....

Bright..အင်းကိုယ်လဲညကအိပ်တာနောက်ကျလို့ခုမှနိုးတယ် ဗိုက်ဆာတယ်ဘာရှိလဲငယ်....

Win..ပေါင်မုန့်ကြက်ဥကြော်ကငယ်စားလို့မရှိတော့ဘူး ကြက်ဥပြုတ်နှစ်လုံးနဲ့ ဆန်းဒွစ်တော့ရှိတယ် စားမလားကို...ပေါင်မုန့်ကြက်ဥကြော်စားချင်ရင်င​ယ်  ကြော်ပေးမယ်လေ..

Bright..အင်း ကိုယ်ဂျီးများတာမဟုတ်ဘူးနော် ဒါပေမယ့်ငယ်လုပ်ပေးတာစားချင်တယ်...winလဲbrightစကားကြောင့်ပြုံးလိုက်ပီး...

Win..ဟုတ်ဒါဆိုခဏစောင့်နော်ကို...

ဂက်စ်အိုးဖွင့်ပီးပေါင်မုန့်ကြက်ဥကြော်ကို အမြန်ကြော်ပေးလိုက်တယ်.....

Win..ရပီကို..အပေါ်ကသကြားဖြူးအုံးမလား...နွားနို့လေးရောသောက်...

Bright..သကြားမဖြူးတော့ဘူးငယ်...ကိုယ်ကအချိုသိပ်မကြိုက်ဘူးရယ်...

Win..ကိုစားနေအုံးနော် ငယ်ရေသွားချိုးလိုက်အုံးမယ်...

Bright..မြန်မြန်ချိုးနော်ငယ် ပီးရင်ပြန်ဆင်းလာခဲ့...

Win..ဟုတ်ကဲ့ကိုကို...ပြောပီးbrightကိုပြောင်ပြသွားသေးတာ...

အူယားအောင်လုပ်နေတာ ပြောင်စိန်လေး...ချစ်တယ်ကလေးလေးရယ် brightပြုံးပီး မနက်စာဆက်စားလိုက်တယ်...

အချစ်တွေကိုသူသိပါစေWhere stories live. Discover now