Part(11)

264 10 0
                                    

အချစ်တွေကိုသူသိပါစေ

အပိုင်း၁၁

ဘာလိုလိုနဲ့သူတို့မဂ်လာဆောင်ရောက်ဖို့တစ်ပတ်သာလိုတော့သည် ပန်နဲ့ဝင်းကအကုန်စီစဥ်ပေးသည် အဝတ်စားကိုလဲဝင်းကိုယ်တိုင်ရွေးပေးသည်...ဝင်းအတွက်တော့မဝယ်ပါ ဝင်းကမဂ်လာဆောင်ပွဲကိုမတက်ချင်ဘူးလို့ပြောခဲ့သည်...ငယ်အရမ်းချစ်ရတဲ့သူကိုသူများလက်ထဲတရားဝင်ထည့်ပေးရတဲ့ပွဲကိုတက်ရလောက်တဲ့ထိတော့ ငယ့်နှလုံးသားကမမာဘူးကိုရယ်...ကိုငယ့်ကိုနားလည်တယ်မို့လားဟင်...လို့ပြောလာတာကြောင့်သူလက်ခံခဲ့သည်...သူကိုယ်တိုင်လဲငယ့်ကိုမရှိစေချင်......

မနက်ဖြန်မဂ်လာဆောင်ရတော့မည်...ဒီညသူတို့တူတူအိပ်ရတာနောက်ဆုံးညလေးပေါ့.....

ကုတင်ပေါ်မှာပက်လက်အနေထားနဲ့မျက်နှာကျက်ကိုငြိမ်သက်ပီးကြည့်နေတဲ့ကောင်လေးနှစ်ယောက်...ရင်ထဲမှာဝမ်းနည်းမှုတွေကိုယ်စီနဲ့...ထိုငြိမ်သက်မှုကိုစတင်ဖြိုခွင်းလိုက်သူက....

Bright.....ငယ်....ငယ်ဆိုတဲ့နာမ်စားလေးကိုဝမ်းနည်းမှုအပြည့်ပါတဲ့အသံလေးနဲ့ခေါ်လိုက်တယ်....သူ့ခေါ်သံကြောင့်ဝင်းကပက်လက်အနေထားမှသူ့ဘက်ကိုစောင်းပီးလှည့်ကြည့်လာသည်...သူ့ပါးလေးကိုလှမ်းကိုင်လိုက်ပီး....

Win...အင်း...ပြောလေကို....

Bright...ကိုယ်ငယ်နဲ့မခွဲနိုင်ဘူး...ငယ်မရှိပဲမနေနိုင်ဘူး...ပြောရင်းမျက်ရည်များစီးကျလာသည်...ကျလာတဲ့မျက်ရည်တွေကိုဝင်းကသုတ်ပေးလိုက်ပီး....

Win..ဝင်းကကို့နားမှာရှိနေမှာပဲလေ ခုလိုတူတူမရှိနိုင်တော့တာလေးပါပဲ... ကို့ကလေးလေးကိုဝင်းကထိန်းပေးအုံးမှာကိုရဲ့...

Bright....ကိုပြောချင်တာငယ်သိတယ်တန်းနဲ့ကွာ...ငယ်ပြောသလိုကိုယ်လက်ထပ်မယ်ဒါပေမယ့်ကလေးမွေးပီးရင်သူ့ကိုကွာရှင်းမယ်..ငယ်နဲ့တူတူပြန်လာနေမယ် ငယ်လက်ခံပေးပါနော်...

Win...ငယ်တို့ဒီကိစ္စကိုပြောပီးသားလေကိုရယ်...ထပ်မပြောချင်တော့ဘူး..ငယ်အိပ်ချင်ပီ...ကိုလဲအိပ်တော့မနက်မဂ်လာပွဲတက်ရအုံးမယ်လေ...ပြောပီးမျက်လုံးမှိတ်လိုက်တယ်....ဘိုက်ချစ်ရသူလေးကိုကြည့်ပီးအသံတိတ်မျက်ရည်တွေအဆက်မပြတ်ကျနေသည်..ရင်ဘတ်ထဲကလဲစူးအောင့်နေ၏....ဝင်းမျက်လုံးစွတ်မှိတ်ပီးအိပ်ချင်ယောင်ဆောင်နေရာမှ...စိတ်ထဲတစ်မျိုးဖြစ်လာ၍မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကိုကြည့်ပီးဝမ်းနည်းစွာမျက်ရည်တွေကျနေတဲ့ဘိုက်ကိုမြင်လိုက်ရသည်....

အချစ်တွေကိုသူသိပါစေWhere stories live. Discover now