Arc (1.0) လွန်းငယ်

1.6K 105 3
                                    

တမာန်ရောက်နေတဲ့ကိုယ်ဟာအိပ်နေတုန်းထင်သည်။ဒါကြောင့် ဘမ်အားဇာတ်ကြောင်းလွှဲခိုင်းလိုက်သည်။

ဇာတ်လမ်းကသာမာန်ကျောင်းသားအချစ်ဇာတ်လမ်းလေးဖြစ်သည်။
ဇာတ်လိုက်က မောင် ဖြစ်ပီး ဇာတ်လိုက်မက ချစ်ငယ် ဖြစ်သည်။
ဇာတ်လိုက်က သူဌေးသားတစ်ယောက်ဖြစ်ပီးplay boyတစ်ယောက်ဖြစ်သည်။ဒါပေမဲ့သူတွဲခဲ့တဲ့သူတွေကိုလက်ကိုင်တာနဲ့ဖက်တာကလွဲရင်ဘာမှမလုပ်ပေ။
ဇာတ်လိုက်မကဆင်းရဲတာကြောင့်အချိန်ပိုင်းအလုပ်သုံး‌ခုလောက်ကိုလုပ်ရသည်။သူဟာဆင်းရဲပေမဲ့အလွန်ချောသည်။သူမကရဲရင့်ပီးအမှားကိုလည်းဝံခံရဲသည်။
တစ်နေ့ဇာတ်လိုက်မရဲ့သူငယ်ချင်းကသူ့အလုပ်မှာပြဿနာဖြစ်သွားတာကိုကြားထဲကဇာတ်လိုက်မကဝင်ဖြေရှင်းပေးခဲ့သည်။အလုပ်သမားချင်းတူတူရဲရင့်တဲ့ဇာတ်လိုက်မကိုဇာတ်လိုက်ကတွေ့ပီးသဘောကျသွားသည်။ကျောင်းမှာဇာတ်လိုက်မကိုလိုက်ပိုးပေမဲ့ငြင်းဆန်နေတဲ့သူမကိုပိုတောင်‌သဘောကျခဲ့သည် ဒါကြောင့်လဲလက်ခံတဲ့အထိပိုးခဲ့ပီးသူတို့ဟာနာမည်ကြီးစုံတွဲဖြစ်သွားသည်။ကျောင်းပီးတော့လက်ထပ်လိုက်ပီးပျော်ပျော်ရွှင်ရွှင်နေသွားကြသည်။
ဇာတ်လိုက်မသူငယ်ချင်းကလွန်းငယ်ဖြစ်ပီးသူကဇာတ်လိုက်မကိုသဘောကျနေသူလည်းဖြစ်သည်။ဇာတ်လိုက်မကသူ့အားသူဌေးသားဆိုတာမသိဘဲသာမာန်အလယ်လတ်တန်းစားလို့သာသိသည်။ဒါကြောင့်သူမကသူ့အားကူညီပေးခဲ့တာကြောင့်သူက ဇာတ်လိုက်မကိုဘေးကနေစောင့်ရှောက်ပေးတယ်။တစ်ခုခုဆိုဇာတ်လိုက်မစိတ်တိုင်းကျနေပေးလုပ်ပေးသည်။
သူကဇာတ်လိုက်မရဲ့အချိန်ပိုင်းတစ်ခုမှာအလုပ်လုပ်ပေးပီးရတဲ့ပိုက်ဆံကိုဇာတ်လိုက်မကိုသာပေးသည်။ဒါဟာလည်းဇာတ်လိုက်မအကြံသာဖြစ်သည်။သူ့အ‌ေပါ်ကောင်းပေမဲ့သူ့အားသဘောမကျတာကိုသူသိသည်။ဒါကြောင့်ဇာတ်လိုက်တို့နှစ်ယောက်ရည်းစားဖြစ်သွားချိန်မှာသူကအဝေးကိုထွက်သွားခဲ့တယ်။ကံဆိုးချင်တော့သူစီးတဲ့လေယာဉ်ဟာပျက်ကျခဲ့တယ်။သူအကြောင်းကိုသူ့မိဘတွေကကြားပီးအိပ်ယာထဲလဲသွားခဲ့သည်။သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းသူတို့သားရဲ့ချစ်ရသူဇာတ်လိုက်မအားလွဲပေးခဲ့ပီးသေဆုံးသွားသည်။
အမှန်တော့ဇာတ်လိုက်မကစပွန်ဆာဘဲတွေနဲ့ကျောင်းတက်တာဖြစ်သည်။ဇာတ်လိုက်မကဇာတ်လိုက်ရဲ့အကြောင်းသိသွားပီးဇာတ်လိုက်သဘောကျတဲ့ပုံစံနဲ့နေသည်။ဇာတ်လိုက်လာမယ်မှန်းသိတာကြောင့်သူဟာပြဿနာလုပ်ပီးသူငယ်ချင်းအားလွဲချကာဝင်ဖြေရှင်းပေးခဲ့။လွန်းငယ်ကသူ့အတွက်တော့ခြေနင်းခုံသာ။ဇာတ်လိုက်ကလိုက်ပိုးပေမဲ့သူမူခဲ့တယ်။ကွယ်ရာမှာတော့သူကိုဘယ်လောက်ချစ်ကြောင်းဘယ်လိုတွေဖြစ်နေကြောင်းလိုက်ဖွခဲ့တယ်။ရပ်သင့်ပီးထင်တာကြောင့်ဇာတ်လိုက်ကိုအဖြေပေးခဲ့တယ်။သူမရဲ့ဒေါက်တိုင်တွေကိုလည်းအမျိုးမျိုးအကြောင်းပြကာဇာတ်လိုက်အားဖြုတ်ခိုင်းခဲ့တယ်။လွန်းငယ်ကသူ့အကြောင်းသိတဲ့သူမို့ သူစီးမဲ့လေယာဉ်ကိုပျက်‌ကျအောင်ခိုင်းခဲ့တယ်။သူဆုံးတော့သူ့မိဘတွေရှေ့မှာသူတို့အကြောင်းတွေပြောပြဆွေးပြပီးအဖွားကြီးတွေရဲ့ရှေ့နေနဲ့ပူးပေါင်းကာအမွေတွေကိုယူခဲ့တယ်။

" ဟမ် ငါက "

" လွန်းငယ်ပါ စေ သူရဲ့ဆန္ဒကတော့

ဇာတ်လိုက်မအားမချစ်မိရန် - 500
ဇာတ်လိုက်မအကြောင်းအားဖော်ထုတ်ရန်-500
မိဘတွေအသက်မသေဆုံးစေရန်-700
သူ့မိဘတွေအားစိတ်ချမ်းသာစေချင်တယ်-300"

" ဒါဆိုဘယ်အချိန်ရောက်နေပီလဲ"

" မနက်လေးနာရီပါ စေ"

" ကျစ် ဇာတ်ကြောင်းကိုမေးတာ"

" အာ စောသေးပါတယ်။ဇာတ်လိုက်မတို့ကနောက်အပတ်မှတွေ့မှာပါ"

" အင်းပြန်အိပ်လိုက်အုံးမယ်။"

" ဟုတ်ကဲ့ "

စေမင်းတမာန်ဆိုတာခေါင်းအုံးနဲ့မိတ်ဆွေဖြစ်သည်။ထိလိုက်တာနဲ့တန်းအိပ်ပျော်သွားသည်။
ဘမ် သူ hostရဲ့ရင်ဘက်ပေါ်မှာအမြှီးကွေးကာအိပ်လိုက်သည်။

စေမင်းတမာန်ဆိုတာခေါင်းအုံးနဲ့မိတ်ဆွေဖြစ်သည်။ထိလိုက်တာနဲ့တန်းအိပ်ပျော်သွားသည်။ဘမ် သူ hostရဲ့ရင်ဘက်ပေါ်မှာအမြှီးကွေးကာအိပ်လိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မောင်

ချစ်ငယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချစ်ငယ်

လွန်းငယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လွန်းငယ်

---------

ဝါသနာအရ ပထမဆုံးရေခြင်းမို့အရေးသားမကောင်းရင်ဆောရီးပါ။

မှူးရာ ကိုဝေဖန်လည်းရပါတယ်။










System BamWhere stories live. Discover now